မြန်မာပြည်ကို ဒိန်းနစ်ရှ် ခရိုနာ သန်း ၁ဝဝ ထောက်ပံ့မယ်

  • 11 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption Christian Friis နဲ့ ဒေါ်အောင်ဆန်းစုကြည်

နှစ်ပေါင်း နှစ်ဆယ်ကျော် ပြည်ပ ကမ္ဘာနဲ့ အဆက်သွယ် ဖြတ်တောက်ထားခဲ့ပြီး စစ်အုပ်ချုပ်ရေးကြောင့် စီးပွားရေး ပိတ်ဆို့ အရေးယူခံ ထားရတဲ့ မြန်မာနိုင်ငံကို လူမှု ကယ်ဆယ်ရေး ဖွံ့ဖြိုးမှု အကူအညီအဖြစ် ဒီနှစ်အတွင်း ဒိန်းနစ်ရှ် ခရိုနာ ၁၀၀ (အမေရိကန် ဒေါ်လာ ၁၇ သန်း ခန့်) ထောက်ပံ့ပေးမယ်လို့ ဒိန်းမတ် ဖွံ့ဖြိုးရေး ဝန်ကြီး Christian Friis Bach က ပြောပါတယ်။

ဒါ့အပြင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ဒီမိုရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသကာ နှစ်နိုင်ငံ ပြောဆို ဆက်ဆံမှုတွေ အားကောင်းလာအောင် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ စီမံခန့်ခွဲရေး ရုံးတရုံး ဖွင့်မယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ လဆန်းတုန်းက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ရာမှာ သမ္မတရဲ့ ခေါင်းဆောင်မှုနဲ့ ထူးခြားတဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ အပေါ် မစ္စတာ ဘက်ချ်က ချီးကျူးခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ၊ လွတ်လပ်ပြီး မျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲ ဖြစ်ပွားမှုတွေ ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။