လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်သံ လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့

  • 11 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ လူ့အခွင့်အရေးကော်မရှင် ပံပိုးဆောင်ရွက်ဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် သံတမန်ကပြော

မြန်မာနိုင်ငံကို ရောက်နေတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ သံအမတ်ကြီး လူးဝစ် ဒဘားကားဟာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး မြန်မာနိုင်ငံက လူကုန်ကူးမှု၊ ကလေးစစ်သားနဲ့ ပေါ်တာဆွဲတဲ့ကိစ္စတွေကို ပြောကြားခဲ့ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့ရာမှာ အဲဒီကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရပိုင်းက လူကုန်ကူးမှုတားဆီးရေး ဥပဒေတရပ်ပြဌန်းရေး လာမယ့် လွှတ်တော်မှာ တင်ပြဆောင်ရွက်မှာကို အမေရိကန်အစိုးရက စိတ်ဝင်စားစွာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

အတင်းအဓ္ဓမ လုပ်အားပေးခိုင်းစေမှု နဲ့ ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေးတွေမှာ တိုးတက်မှုရှိအောင်ဆောင်ရွက်ဖို့ အမေရိကန် သံအမတ်ကြီး ဒဘားကားက ပြောကြာခဲ့တယ်လို့ ဦးဝင်းမရက ပြောပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းမှာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ တဖက်တလမ်းက ပံပိုးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။