ကွန်ဂရက် အမတ် Joe Crowley မြန်မာပြည် သွားမယ်

  • 11 ဇန်နဝါရီ 2012
Image caption အမေရိကန် ကွန်ဂရက် လွှတ်တော်

မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမှုတွေနဲ့ လက်ရှိ အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေကို ဖိအားပေးဖို့ ဦးဆောင်ဦးရွက် ပြုတဲ့ အမေရိကန် လွှတ်တော် အမတ် Joe Crowley ဟာ နက်ဖြန် ကြာသတေးနေ့မှာ မြန်မာပြည်ကို ပထမဆုံး အကြိမ် သွားရောက်မယ်လို့ သူ့ရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတာတွေကို ကျွန်တော် ကိုယ်တိုင် သွားရောက် ကြည့်ရှု လေ့လာပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုတွေကို တွန်းအားပေး သွားမှာပါလို့ မစ္စတာ ခရော်လေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။