Mitt Romney အနိုင်ရမယ်လို့ အများက ယူဆနေ

  • 11 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption Mitt Romney ရီပါ့ ဘလစ်ကန် သမ္မတလောင်း နေရာ ဝင်ပြိုင်

အမေရိကန် ပြည်ထောင်စုမှာ နိုဝင်ဘာလ ကျရင် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘားရက်ခ် အိုဘားမားနဲ့ အပြိုင် ဝင်အရွေးခံမယ့် ရီပါဘလစ်ကန် ကိုယ်စားလှယ် လောင်း နေရာအတွက် New Hampshire ပြည်နယ်မှာ မဲပေး ရွေးချယ်မှုတွေ အကြိတ်အနယ် ကျင်းပနေ ပါတယ်။

ဒါဟာ ရီပါ့ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ဒုတိယ အဆင့် ရွေးချယ်မှု ဖြစ်ပါတယ်။

မဲရုံတွေမှာ ကိုယ်စားလှယ်လောင်းတွေ ၊ သူတို့ကို ထောက်ခံသူတွေ အများအပြားနဲ့ ပြည့်နှက်နေပါတယ်။

Massachusetts ပြည်နယ်က အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က အနိုင်ရလိမ့်မယ်လို့ အများက ယူဆနေကြပါတယ်။