ခရစ်ယာန်တွေကို တိုက်ခိုက်တာ ဟာ လက်တုံ့ပြန်တာလို့ နိုက်ဂျီးရီးယား အစ္စလာမ်မစ် အဖွဲ့က ပြော

  • 11 ဇန်နဝါရီ 2012
Image caption နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ ဘိုကို ဟာရမ် အဖွဲ့ခေါင်းဆောင်

နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ အစ္စလာမ်မစ်အဖွဲ့ ဘိုကို ဟာရမ် Boko Haram အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုခွေထဲမှာ လောလောဆယ် ခရစ်ယာန်တွေကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုထားပါတယ်။

နိုက်ဂျီးရီးယားမြောက်ပိုင်းတဝှမ်းမှာ မူဆလင်တွေကို သတ်ဖြတ်ခဲ့တာကြောင့် လက်တုံပြန်ခဲ့တာလို့ လောလောဆယ် ဘိုကို ဟာရမ်အဖွဲ့ကို ဦးဆောင်နေတဲ့ Abubakar Shekau က ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။

နိုက်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေဟာ သူတို့ အဖွဲ့ကို မတားဆီးနိုင်ဘူးလို့ သူက နိုက်ဂျီးရီးယားသမ္မတ Goodluck Jonathan နဲ့ နိုက်ဂျီးရီးယားနိုင်ငံက ခရစ်ယာန်ဘာသာဝင်များအဖွဲ့ ခေါင်းဆောင်တွေကို ရည်ညွှန်းပြီး သူကပြောခဲ့ပါတယ်။

နိုက်ဂျီးရီးယားမြို့တော် အဘူဂျာမှာ ခရစ်စမတ်နေ့က လူ ၃၇ ဦးသေဆုံးခဲ့တဲ့ တိုက်ခိုက်ခဲ့မှုအပါအဝင် တိုက်ခိုက်မှုအတော်များများကို

Boko Haram အဖွဲ့ကလုပ်ခဲ့တာဖြစ်ပါတယ်။