အီရန်က ရေနံတင်သွင်းမှု ဂျပန်လျှော့ချမယ်

  • 12 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Getty
Image caption တခြားပင်လယ်ကွေ့ နိုင်ငံတွေက ဂျပန်ကို ရေနံပိုမို တင်သွင်းဖို့ မစ္စတာအာဇူမီက ပြော

အီရန်ရဲ့ ရေနံတင်သွင်းမှုကို ဂျပန်ကနေ လျှော့ချ ဝယ်ယူတော့မှာ ဖြစ်တယ်လို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဂျွန်အာဇူမီက ပြောကြား လိုက်ပါတယ်။

အီရန်ကနေ ဒုတိယအများဆုံး ရေနံ ရောင်းချ နေတဲ့ နိုင်ငံဟာ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။

အခုလို ဂျပန်က ရေနံလျှော့ချဝယ်ယူမှာ ဖြစ်တဲ့အတွက် သူ့အနိုင်ငံ အတွက် ရေနံ လိုအပ်မှု မဖြစ်ရအောင် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ အနေနဲ့ ဂျပန်ကို ရေနံပိုမို တင်သွင်းဖို့ မစ္စတာ အာဇူမီက တိုက်တွန်း လိုက်ပါတယ်။

မစ္စတာ အာဇူမီဟာ ဂျပန်ကိုအလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Timothy Geithner နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ အီရန်ရဲ့ ရေနံထုတ်လုပ်မှုကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူဖို့ အရေး၊ ဂျပန်ရဲ့ ထောက်ခံမှုကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

အီရန်ရဲ့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ နျူးကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အီရန်ဟာ မဖြေရှင်းနိုင်ခဲ့ဘူးလို့ အမေရိကန်ကပြောပါတယ်။