တပ်သား ဘရက်ဒလီ စစ်ခုံရုံး တင်ခံရဖွယ်ရှိ

  • 13 ဇန်နဝါရီ 2012
Bradley Manning ဓာတ်ပုံ မူပိုင် AP
Image caption တပ်သား ဘရက်ဒလီ မန်းနင်း

အမေရိကန် အစိုးရရဲ့ သိန်းနဲ့ ချီတဲ့ လျှို့ဝှက် မှတ်တမ်း မှတ်ရာတွေကို ပြင်ပကို ဖွင့်ချမှုနဲ့ အမေရိကန် စစ်သား ဘရက်ဒလီ မန်းနင်းကို စစ်ခုံရုံး တင်ဖို့ အမေရိကန် စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးတစ်ခုက အကြုံပြု ဆုံးဖြတ် လိုက်ပါတယ်။

တပ်သား မန်းနင်းဟာ သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တာကို ယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက် လုံလုံ လောက်လောက် ရှိတယ်လို့ သူ့ကို တရားစွဲသင့် မသင့် စဉ်းစားခဲ့တဲ့ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန် စစ်တပ်နဲ့ သံရုံးတွေနဲ့ ဆိုင်တဲ့ ကြေးနန်းတွေကို ဝီကီလိစ် ဝက်ဆိုက်မှာ ပါလာပြီးနောက် အမေရိကန် အစိုးရ အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

ဘရက်ဒလီ မန်းနင်းရဲ့ ရှေ့နေတွေကတော့ သူ့ကို စကတည်းက ဒီ သတင်း အချက်အလက်တွေ ကြည့်ခွင့် မရအောင် လုပ်ထား သင့်တယ်လို့ ပြောပါတယ်။

သူ့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် သူဟာ ထောင်ဒဏ် တသက် ကျခံရမှာ ဖြစ်ပါတယ်။

တပ်သား ဘရက်ဒလီ မန်းနင်း ဟာ ၂၀၁၀ မေလ ကတည်းက အဖမ်းခံထားရသူ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ပဲ ရှိသေးပြီး Oklahoma ပြည်နယ်က ဖြစ်ပါတယ်။