နိုက်ဂျီးရီးယား သမဂ္ဂတွေနဲ့ သမ္မတ ထိပ်တိုက်တွေ့

  • 13 ဇန်နဝါရီ 2012
nigeria ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီစျေး မကျလျင် ပြည်တွင်းစစ် ဖြစ်မယ်လို့ ချိမ်းခြောက် နေသူ တဦး

နိုက်ဂျီးရီးယား နိုင်ငံမှာ အစိုးရက လောင် စာကို အိပ်စိုက်ပေးနေတာ ရပ်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အဓိက သမဂ္ဂ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ညှိနှိုင်းနေ တုန်းမှာပဲ အထွေထွေ သပိတ်ကိုလည်း တဘက်က ဆက်လုပ်မယ်လို့ အဓိက သမဂ္ဂ တွေက ပြောပါတယ်။

နိုက်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန် ဦးဆောင်ပြီး ဆွေးနွေးနေတဲ့ ဆွေးနွေးမှုတွေ မနက်ဖန် စနေနေ့မှာ ပြန်စဖို့ ရှိပါတယ်။

လွန်ခဲ့တဲ့ လေးရက်က သမဂ္ဂတွေက အထွေထွေ သပိတ် စမှောက်ပြီးနောက်မှာ ပထမဆုံး အကြိမ် အဖြစ် သမ္မတ ကိုယ်တိုင် သမဂ္ဂတွေနဲ့ တိုက်ရိုက် စကား ပြောလာရတာ ဖြစ်ပါတယ်။

အစိုးရက လောင်စာ အိပ်စိုက်ပေးတာ ပြန်မစ မချင်း ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု တွေကို ရပ်ဆိုင်းထားမယ်လို့ နိုက်ဂျီးရီးယားက အကြီးဆုံး ရေနံ အလုပ်သမား သမဂ္ဂက ပြောပါတယ်။

နိုက်ဂျီးရီးယားမှာ အစိုးရက လောင်စာ အိပ်စိုက်ပေးတာ ရပ်လိုက်ပြီးနောက် ဆီစျေးတွေ နှစ်ဆ တက်သွားခဲ့ပြီး တနိုင်ငံလုံး ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။