ပါကစ္စတန်ပါလီမန်ကို အယုံအကြည် ရှိ/မရှိ မဲခွဲမယ်

  • 13 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဒူဘိုင်းကနေ သမ္မတ ပြန်လာပြီးနောက် ပါလီမန် ကြေညာချက် ထွက်ပေါ်လာတာဖြစ်

ပါကစ္စတန်ပါလီမန်ရဲ့ နိုင်ငံရေးဦးဆောင်မှု နဲ့ ဥပဒေပြုရေးစနစ် အပေါ် ယုံကြည်မှု ရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီး လာမယ့် တနင်္လာနေ့ ကျရင် မဲခွဲ ဆုံးဖြတ်မယ်လို့ ပါကစ္စတန် ပါလီမန်က ကြေညာလိုက် ပါတယ်။

သမ္မတ အာဇိ အာလီ ဇာဒါရီ ဒူဘိုင်းကနေ ပြန်လာပြီးနောက်၊ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

မစ္စတာ ဇာဒါရီဟာ မနေ့က ဒူဘိုင်းကို ခရီးထွက်သွားခဲ့တာဟာ သတင်းမီဒီယာတွေ အတွက် အဓိက ခေါင်းကြီးပိုင်း သတင်း ဖြစ်စေခဲ့ပါတယ်။

အကြောင်းကတော့ သူ့အစိုးရနဲ့ သြဇာကြီးမားလှတဲ့ စစ်တပ်အကြား လူသိရှင်ကြား တင်းမာမှုတွေ တိုးပွားလာနေတဲ့ အချိန်မှာ ခရီးထွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့ကျရင်လည်း သမ္မတ ဇာဒါရီနဲ့ တခြားသူတွေ အပေါ် စွပ်စွဲထားတဲ့ အဂတိလိုက်စားမှုတွေနဲ့ ဆက်စပ်နေတဲ့ အမှုတခုကို ဗဟိုတရားရုံးချုပ်မှာ ကြားနာမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။