တော်ဝင် မိသားစုဝင်ဟောင်း တူရကီ တရားစွဲခံရ

  • 13 ဇန်နဝါရီ 2012
sarah ferguson ဓာတ်ပုံ မူပိုင် BBC World Service
Image caption တော်ဝင် မိသားစုဝင်ဟောင်း ဆာရာ ဖာဂူဆန်

ဗြိတိသျှ တော်ဝင် မိသားစုဝင်ဟောင်း တယောက်ကို တူရကီက တရားရုံး တရုံးက တရားစွဲဖို့ စီစဉ် လုပ်ဆောင် နေပါတယ်။

အင်ဒရူး မင်းသားရဲ့ ကြင်ယာတော်ဟောင်း ဆာရာ ဖာဂူဆန်ဟာ ၂၀၀၈ ခုနှစ်တုန်းက ဗြိတိသျှ ရုပ်သံ အစီအစဉ် တခုအတွက် တူရကီက မိဘမဲ့ ဂေဟာတွေကို လျှို့ဝှက် သွားရောက်ခဲ့ပါတယ်။

သူ့ခရီးစဉ် အပြီးမှာ တူရကီ မြို့တော် အင်ကာရာမြို့နားက မိဘမဲ့ ဂေဟာ တခုမှာ ခလေးတွေကို အိပ်ယာမှာ ကြိုးနဲ့ ချည်နှောင်ပြီး ပစ်ထားတဲ့ လျှို့ဝှက် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ပေါ်ထွက် လာခဲ့ပါတယ်။

တူရကီ တရားရုံးက မနေ့က သူ့ကို ခလေး ငါးယောက်ရဲ့ ပုဂ္ဂလိက အခွင့်အရေးကို ချိုးဖောက်မှုနဲ့ ဥပဒေ အရ အပြစ် ရှိတယ်လို့ ပြောပြီး မျက်ကွက်မှာ တရားစွဲဖို့ လုပ်ဆောင်လာပါတယ်။

ကာယကံရှင် ဆာရာ ဖာဂူဆန်ကတော့ စွပ်စွဲချက်တွေကြောင့် အံ့အား သင့်မိတယ်လို့ ပြောကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။