တိုင်ဝမ် ရွေးကောက်ပွဲ မရင်ကျိုးအနိုင်ရ

  • 14 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP

တိုင်ဝမ် သမ္မတရွေးကောက်ပွဲမှာ တိုင်ဝမ် လက်ရှိသမ္မတ မရင် ကျိုးရဲ့ ပါတီက အနိုင်ရရှိသွားပါတယ်။

သမ္မတ မရင် ကျိုးဟာ သူ့ရဲ့ အဓိက ပြိုင်ဖက် အပေါ် မဲ ၆ ရာခိုင်နှုန်းအသာနဲ့ မမျှော်လင့်ပဲ အပြတ်အသတ် အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ဝမ်းမြောက်ဝမ်းသာဖြေစ်နေကြတဲ့ သူ့ကိုထောက်ခံသူ လူအုပ်ကြီးကို မစ္စတာ မရင်ဂျုံးကအသ စည်းရုံးရေး ဌာနချုပ်ရှေ့မှာ ရောက်ရှိနေတဲံ လူထုကို မိန့်ခွန်း ပြောကြားခဲ့တာပါ။

မစ္စတာ မရင် ကျိုးဟာ တရုတ်နဲ့ အသစ်တဖန် ပြန်လည်သင့်မြတ်အောင် သူ့ရဲ့ လုပ်ဆောင်ခဲ့မှု၊ တခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က တိုင်ဝမ် ခွဲထွက်ခဲ့ပြီး နောက်ပိုင်း အခုလို တရုတ်နဲ့ အကောင်းဆုံး ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့မှုတွေနဲ့ ရွေးကောက်ပွဲမှာ စည်းရုံးခဲ့တာဖြစ်ပါတယ်။

အတိုက်အခံကတော့ ပထမဦးဆုံး အမျိုးသမီး သမ္မလောင်း ဆိုင်ရင်ဝမ်း ဖြစ်ပြီး သူကတော့ စီးပွားရေးနဲ့ လူမှုရေး ကိစ္စရပ်တွေကို အလေးပေး စည်းရုံးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆိုင်ရင်ဝမ်းဟာ သူ့ပါတီရဲ့ အစဉ် ရပ်တည်လာတဲ့ လွတ်လပ်ရေး ကိစ္စကိုတော့ အဓိက မထားခဲ့ပါဘူး။