အမေရိကန် အစိုးရ အသုံးစရိတ် ဖြတ်တောက်ဖို့ ကြိုးစား

  • 14 ဇန်နဝါရီ 2012
Image caption အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ် ဖြတ်တောက် လျော့ချမယ့် စီမံကိန်း တခုကို အကောင်အထည် ဖော်ပြီး အုပ်ချုပ်ရေး သွက်လက် လာအောင် လုပ်ဆောင်မယ့် အစီအစဉ် အသေးစိတ်ကို သမ္မတ အိုဘားမားက ကြေညာခဲ့ ပါတယ်။

အစားအစာ ဘေးအန္တရယ် ကင်းရှင်း လုံခြုံရေး ကိစ္စ တခုတည်း အတွက်ကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ဌာနပေါင်း ၁၂ ခုကျော် ရှိပြီး လက်ရှိ အုပ်ချုပ်ရေး စံနစ်က ခေတ်နောက်ပြန်ဆွဲတဲ့ ဗြူရိုကရေစီ ပုံစံ ဖြစ်နေတယ်လို့ သမ္မတက ပြောပါတယ်။

သူ့အစီအစဉ် အရ အစိုးရ ဌာန တော်တော်များများကို ပေါင်းပစ်ပြီး စီးပွားရေး လုပ်ငန်းတွေ ၊ ထုတ်ကုန်နဲ့ ကုန်သွယ်ရေး ကိစ္စတွေကို တနေရာတည်းမှာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်မယ့် ဌာနတွေ ထူထောင်မယ်လို့ ဆိုပါတယ်။

သမ္မတရဲ့ ဒီအဆိုပြုချက်ကို ကွန်ဂရက် လွှတ်တော်က အတည်ပြုရဦးမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့် နှစ် အခုလို နှစ်မျိုးမှာ အတည်ပြုချက် ရနိုင်ဖို့ သိတ်မလွယ်လှဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။