သောင်တင် သင်္ဘောက လူတွေ ပျောက်ဆုံးနေဆဲ

  • 15 ဇန်နဝါရီ 2012
cruise_ship ဓာတ်ပုံ မူပိုင် Reuters
Image caption သင်္ဘောပေါ်မှ ကယ်ဆယ်ထား သူများ

အီတလီ အနောက်ဘက် ကမ်းရိုးတန်း မှာ သောင်တင် သွားခဲ့ ရတဲ့ လူပေါင်း ၄၀၀၀ ကျော် ပါတဲ့ ခရီး သည်တင် ပင်လယ်ကူး သင်္ဘောကြီး က နောက်ထပ် လူပေါင်း ၄၀ လောက် ဆက်လက် ပျောက်ဆုံး နေသေးတဲ့ အကြောင်း အီတလီ ဆိပ်ကမ်း အာဏာပိုင် တွေက ပြောပါတယ်။

ညဘက် ရောက်တဲ့ အထိ ရေထဲမှာ ထက်ဝက် နစ်မြုပ်နေတဲ့သင်္ဘောကြီးဆီမှာကယ်ဆယ်ရေး လုပ်ငန်း တွေကို ဆက်လုပ် နေကြသလို ရေငုပ်သမား တွေနဲ့လဲ ရှာဖွေနေကြပါတယ်။

သူတို့တွေကို ကမ်းခြေစောင့် ရေယာဉ်တွေ ကလဲ သင်္ဘောကြီး အနီး တဝိုက်ကို မီးမောင်းတွေ ထိုးပေးပြီး ကူညီနေကြပါတယ်။ အခုထက်ထိတော့ သင်္ဘောဝန်ထမ်း တဦးနဲ့ ခရီးသည်နှစ်ဦး တို့ အသက်ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီ သင်္ဘောလိုင်း ရဲ့ အကြီးအကဲ ကတော့ ဘာဖြစ်ခဲ့သလဲ ဆိုတာ ကို ပြောဖို့ မလွယ် သေးတဲ့ အကြောင်း၊ အီတလီ အာဏာပိုင် တွေနဲ့ ပူးပေါင်းပြီး စုံစမ်း သွားမှာ ဖြစ်ကြောင်း၊ အခုစုံစမ်း သိရှိထားသမျှအရတော့ ဒီသင်္ဘာကြီးဟာ ကျောက်ဆောင်နဲ့ဝင်တိုက်မိခဲ့တာဖြစ်ပြီး၊ ဖြစ်လျှင် ဖြစ်ချင်း သင်္ဘောကက်ပတိန်က ရေယာဉ် ပေါ် ပါသူတွေ အားလုံး ဘေးလွတ်ရာကို ပြေးနိုင်ဖို့ လုပ်ခဲ့ ပေမယ့် ရုတ်တရက် သင်္ဘော စောင်းသွား တဲ့ အတွက် ဒုက္ခတွေ ကြုံခဲ့ရ တဲ့အကြောင်း ပြောကြား သွားပါတယ်။

နောက်ဆုံး ထွက်လာတဲ့ သတင်းတချို့ အရတော့ ဒီသင်္ဘောရဲ့ ကက်ပတိန်ကို ဖမ်းဆီးထား လိုက်ပြီ ဖြစ်ပါတယ်။