အွန်လိုင်း ခိုးကူမှု တိုက်ဖျက်ရေး ဥပဒေကို ထောက်ခံမှု ရုတ်သိမ်း

  • 19 ဇန်နဝါရီ 2012
Image caption ထောက်ခံမှု ရုတ်သိမ်းတဲ့ ဆီးနိတ်တာ Marco Rubio

ထိပ်တန်း အင်တာနက် ဝက်ဘ်ဆိုက်ထ်တွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုကို တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ အဆိုပြုထားတဲ့ အွန်လိုင်း ခိုးကူးမှု တိုက်ဖျက်ရေး ဥပဒေတွေကို ဝါရင့် အမတ်တွေက ထောက်ခံထားရာက ပြန်ရုတ်သိမ်း လိုက်ပါတယ်။

ခိုးကူမှု ဆန့်ကျင်ရေး ဥပဒေတွေကို ဆက်ပြီး မထောက်ခံ တော့ဘူးလို့ ဒီဥပဒေကို ကိုယ်တိုင် ပူးတွဲ ကမကထ အဆိုပြု တင်သွင်းထားတဲ့ ဆီးနိတ်တာ Marco Rubio မာကို ရူဘီယိုက ပြောပါတယ်။

အခုတော့ ဒီဥပဒေတွေကို အတည်ပြု နိုင်ဖို့ အများဆန္ဒ သဘောတူ ညီမှု မရဘူးလို့ ကွန်ဂရက် လွှတ်တော် ဥက္ကဌ John Boehner ဂျွန်ဘေနာက ဆိုပါတယ်။ နောက် ဆီးနိတ်တာ တယောက် ဖြစ်တဲ့ တက္ကဆက် ပြည်နယ်က John Cornyn ဂျွန် ကော်နင်န် ကလည်း ဒီအစီအစဉ် အပေါ် အချိန်ယူ လေ့လာ သုံးသပ်ဖို့ ပြောပါတယ်။

ဒီအဆိုပြုချက်ဟာ အင်တာနက် လွတ်လပ်မှုကို ဖြတ်ဆီး လိမ့်မယ်လို့ အွန်လိုင်း စွယ်စုံကျမ်း ဖြစ်တဲ့ ဝီကီပီးဒီးယားက စောဒကတက် ပြောဆိုကာ မနေ့က သူတို့ရဲ့ အင်္ဂလိပ် ဘာသာ စာမျက်နှာကို ပိတ်ကာ ၂၄ နာရီ ဆန္ဒပြခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ အသနားခံ ကြဖို့ သူတို့ အင်တာနက် စာမျက်နှာ သုံးသူတွေက Google ကလည်း ဆော်သြထားပါတယ်။

ဖျော်ဖြေရေး ကုမ္ပဏီ ကြီးတွေနဲ့ ထုတ်ဝေသူ တွေကတော့ သူတို့ရဲ့ မူပိုင်ခွင့် တလွဲ အသုံးချ ခံနေရမှု တွေကို ဒီဥပဒေ တွေက အကာအကွယ် ပေးတယ်လို့ ဆိုပါတယ်။