ကချင်နဲ့ အပစ်မရပ်နိုင်သေးတာ စိတ်မကောင်းလို့ စိုင်းညွန့်လွင်ပြော

  • 15 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Kawli Media
Image caption လေဆိပ်မှာ တွေ့ရတဲ့ စိုင်းညွန့်လွင်နဲ့ ဇနီး (Kawli Media ဓါတ်ပုံ )

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က အကျဉ်းသာ ၆၀၀ ကျော်လွှတ်ပေးလိုက်တဲ့ အနက် ကိုမင်းကိုနိုင်အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား အများအပြားလွှတ်လာခဲ့တဲ့အနက် ရှမ်းတိုင်ရင်းသား ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့လဲပါဝင်ပါတယ်။

ဦးခွန်ထွန်းဦးက တောင်ငူထောင်က လွတ်လာခဲ့ပြီး ဦးစိုင်းညွန့်လွင်က စစ်ကိုင်းတိုင်း ကလေးထောင်ကနေ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။

ဦးစိုင်ညွန့်လွင်က လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး လုပ်နေတာကို ကြိုဆိုလိုက်ပြီး လောလောဆယ် ကေ အန်ယူနဲ့ အပစ်အခတ် ရပ်စဲလိုက်တာကို ဝမ်းသာတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာ အပစ်အခတ် မရပ်နိုင်သေးတာကို စိတ်မကောင်းဘူးလို့ ပြောပါတယ်။

နိုင်ငံ့အရေးဟာ နိုင်ငံသားအားလုံးလုပ်ရမယ့် တာဝန်ဖြစ်တယ်၊ ပါတီဖွဲ့ပြီး နိုင်ငံရေးလုပ်ဖို့ကို အားလုံးနဲ့ ဆွေးနွေးရအုံးမယ်လို့ ဆိုပါတယ်။

လက်ရှိအနေအထားမှာ ပုဂ္ဂလိက သတင်းစားထုတ်ခွင့်မရသေးတာ၊ သတင်းဂျာနယ်တွေပေါ်မှာ ကန့်သတ်မှုတွေရှိနေသေးတာကြောင့် နိုင်ငံရေးကို စိတ်ရှိသလောက် ပြည့်ပြည့်ဝဝ ရနိုင်အုံးမှာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။

အခုလွတ်လာတဲ့ ရှမ်းခေါင်းဆောင်တွေဟာ လုပ်ဖေါ်ကိုင်ဖက်ဟောင်းတွေ ဖြစ်ပြီး တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိဖို့၊ ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေါ်ဖို့၊ ပြည်ထောင်စုဖွံဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ တူကြတဲ့အတွက် ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တယ်လို့ SNLD ရဲ့ အရင် ဒုတိယဥက္ကဌတာဝန်ယူခဲ့တဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် ဝန်ကြီး စိုင်းအိုက်ပေါင်းက ပြောပါတယ်။