အာလန်းယူပေး သမ္မတ ဦးသိန်းစိန်နဲ့တွေ့မယ်

  • 16 ဇန်နဝါရီ 2012
dassk
Image caption ဂုဏ်ထူးဆောင် ဘွဲ့ပေးအပြီး အာလန်း ယူပေးနဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ နိုင်ငံမှာ ရောက်ရှိ နေတဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးအာလန်းယူပေးဟာ တနင်္လာနေ့မှာ နေပြည်တော်မှာ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံ သွားမှာဖြစ် ပါတယ်။

သူက သတင်းထောက်တွေကို ပြောကြားခဲ့ ရာမှာ ပြင်သစ်နိုင်ငံအနေနဲ့လာမဲ့ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ မှာ လွတ်လပ်ပြီး တရား မျှတမှု ရှိစေဖို့ အတွက် တိုက်တွန်း သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေ နေ့ ကတော့ မစ္စတာ ယူပေးဟာ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို သူမရဲ့ ဒီမိုကရေစီ ရေး ကြိုးပမ်းမှု တွေ ကို အသိအမှတ် ပြုတဲ့ အနေနဲ့ ပြင်သစ် နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင် ဘွဲ့ဖြစ်တဲ့ Commander in the National Order of the Legion d' Honneur ချီးမြှင့်ခဲ့ပါတယ်။

မစ္စတာ ယူပေး ဟာ ပြင်သစ်၊ မြန်မာ ဆက်ဆံရေး သမိုင်းမှာ မြန်မာ နိုင်ငံကို ပထမဆုံး လာရောက်တဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးလဲ ဖြစ်ပါတယ်။