အပျော်စီး သင်္ဘောတိမ်းမှောက်မှု စုံစမ်း စစ်ဆေးပြီ

  • 17 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption Costa Concordia သင်္ဘောကြီး တိမ်းမှောက်

အီတလီက သူတို့ နိုင်ငံ အနောက်ဖက် ကမ်းရိုးတမ်းက တိမ်းမှောက်သွားတဲ့ အပျော်စီး သဘောပေါ် မှာ အရေးပေါ် အခြေအနေ ကြေညာလိမ့်မယ်၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဘေးဒုက္ခဆိုး မှန်သမျှကို တားဆီးဖို့ ကူညီထောက်ပံ့ငွေ ပေးမယ်လို့လည်း ဆိုပါတယ်။

အပျော်စီး သင်္ဘော ကော့စ်တာ ကွန်ကော်ဒီးယား ကနေ ယိုစိမ့်မှုတွေ ခဲ့ပေမယ့် ဒါတွေက လောင်စာ ဆီတွေ ဟုတ်မဟုတ် ဆိုတာကို သေသေချာချာ မသိရသေးဘူးလို့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးက ပြောပါတယ်။

ဒီသင်္ဘောပေါ်မှာ ဒီဇယ်ဆီ တန် နှစ်ထောင်ကျော် တင်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ကတ်ပတိန်က အန္တရယ်ကိုသိလျက်နဲ့ ကမ်းခြေနဲ့ တမင်ကပ်ပြီး မောင်းထွက်ခဲ့တယ်လို့ အခုလို တိမ်းမှောက် ရတာလို့ သင်္ဘောပိုင်ရှင်က စွပ်စွဲ ပြောကြားထားပါတယ်။

သင်္ဘော တိမ်းမှောက် မှုကြောင့် လူခြောက်ယောက် သေဆုံးခဲ့ရပြီး ဆက်လက် ပျောက်ဆုံး နေသူ ၂၉ယောက် ရှိတယ်လို အီတလီ ကမ်းစောင့်တပ်က ပြောပါတယ်။