Huntsman ဝင်မပြိုင်ဘဲ နောက်ဆုတ်ပြီ

  • 17 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုတ်လိုက်တဲ့ ဂျွန် ဟန့်စ်မန်း

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရီပါ့ဘလစ်ကန် ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ် နေရာမှာ ယှဉ်ပြိုင်မယ့်သူ ခြောက်ယောက်ထဲက တယောက် ဖြစ်တဲ့ Jon Huntsman ဂျွန် ဟန့်စ်မန်းက ပြိုင်ပွဲဝင်ဖို့ ရုတ်သိမ်းလိုက် ပါတယ်။

ထိပ်ဆုံးက ပြေးနေတဲ့ Mitt Romney မစ်ထ် ရွမ်နေကို သူက ထောက်ခံလိုက်ပြီး တခြား ယှဉ်ပြိုင်မယ့် သူတွေကိုလည်း သူ့အဆိုအရ မစ္စတာ ရွမ်နေနဲ့ ယှဉ်ပြီး ဝင် အရွေးခံလည်း အကျိုးရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိ သမ္မတ အိုဘားမား လက်ထက်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း လည်းဖြစ် ၊ တရုတ် သံအမတ်ဟောင်းလည်း ဖြစ်ခဲ့ဘူးတဲ့ မစ္စတာ ဟန့်စ်မန်းကို ပျော့ပြောင်းလွန်းသူ ၊ အလယ်အလတ် ကျလွန်းသူ အဖြစ် ရီပါ့ဘလစ်ကန် အများအပြားက ရှူမြင်ကြပါတယ်။

သဘောထား စစ်တမ်း ကောက်ယူမှုတွေ အရ ဂျွန် ဟန့်စ်မန်းဟာ ရှေ့က ပြေးနိုင်သူ မဟုတ်ဘဲ ပထမဆုံး မဲဆန္ဒ နယ်မြေ နှစ်ခုမှာလည်း သိပ် အခြေအနေ မကောင်းတာကို တွေ့ရပါတယ်။