နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2012 - 01:17 GMT

လစ်ဗျားမှာ လက်နက်ကိုင် တွေကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်

လစ်ဗျားနိုင်ငံ လွတ်လပ်ပေမယ့် ပြည်တွင်းစစ် အန္တရယ် ရှိနိုင်

လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တောင်ပိုင်းမှာ သူတို့ အဆိုအရ အစိုးရသစ်ကို ဆန့်ကျင်တဲ့ ကဒါဖီ သစ္စာခံ တပ်ဖွဲ့တွေ ဆက်လက် ခြေကုပ်ယူ ထားတာကြောင့် သူတို့ကို နှိမ်နင်းဖို့ တိုက်ခိုက်ရေး တပ်ဖွဲ့ တဖွဲ့ ပြင်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကုန်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ အနည်းဆုံး လူ၃ယောက် သေဆုံးပြီး လေးဆယ် ဒဏ်ရာရခဲ့ ပြီးတဲ့နောက် အခုလို အာဏာပိုင်တွေရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

အဲဒီ တိုက်ခိုက်ရေး တပ်ဖွဲ့ကို လစ်ဗျားနိုင်ငံ အနောက်ဖက် တလွှားက တိုက်ခိုက်ရေး သမားတွေ ပေါင်းပြီး ဖွဲ့သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ထရစ်ပိုလီမြို့ ကနေ ကီလိုမီတာ ဂဝ လောက် အကွာမှာ ရှိတဲ့ ဂါရန်း မြို့နားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို တိုက်ခိုက် နှိမ်နင်းဖို့ စစ်ဆေးရေး ဆင်နွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပစ်ရပ်ဖို့ ညှိနှိုင်း ကြိုးစားမှုတွေလည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း လက်နက်ကိုင် အဖွဲ့တွေ လက်နက်မချရင် ပြည်တွင်းစစ် ဖြစ်မယ့် အန္တရယ် ရှိတယ်လို့ ကြားဖြတ် အစိုးရ အဖွဲ့ အကြီးအကဲက သတိပေးခဲ့တာ ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။