တောင်ပိုင်း ဆူဒန် လူမျိုးစု တိုက်ခိုက်မှု ပြင်းထန်

  • 18 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် wikipidia
Image caption တောင်ပိုင်း ဆူဒန် မြေပုံ

တောင်ပိုင်း ဆူဒန် နိုင်ငံမှာ လူမျိုးစု တွေကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၅၁ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ညတုန်းက Murle အုပ်စုဝင်တွေက ပြိုင်ဖက် Dinka က လူမျိုးစုတွေကို တိုက်ခိုက်ခဲ့ ပြီး Duk Padiet မြို့ကို ဝင်စီးနင်း ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်တုန်းကတော့ Dinka တွေ အပါအဝင် သူပုန် ခြောက်ထောင်လောက်က Murle မာလီ လူမျိုးစုတွေကို တိုက်ခိုက်ခဲ့တာကြောင့် Pibor မြို့ကနေ ထွက်ပြေးခဲ့ ရတာ ဖြစ်ပါတယ်။

အဲဒီ ဒေသတွေမှာ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

တောင်ပိုင်းဆူဒန်မှာ လူမျိုးစု အဖွဲ့ကွဲတွေကြား ပဋိပက္ခကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်း လူ တထောင်ကျော် သေဆုံးခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးတွေ ပြန်ပေးဆွဲ ခံခဲ့ရသလို ကျွဲနွား တိရစ္ဆာန် တွေလည်း ခိုးယူခံ ခဲ့ရပါတယ်။