အာရပ် တပ်သား ထားဖို့ ဆီးရီးယား ပယ်ချ

  • 18 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေး

ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ရပ်သွားအောင် အာရပ် တပ်သားတွေ ချထားဖို့ ကာတာနိုင်ငံရဲ့ တောင်းဆိုချက်ကို ဆီးရီးယား အစိုးရက ပယ်ချလိုက်ပါတယ်။

ဆီးရီးယား ပြည်သူတွေက သူတို့ ပြည်တွင်းရေး မှာ ပြည်ပက ဝင်ရောက် ပတ်သက်မှုတွေကို လက်မခံဘူးလို့ ဒမားစကတ်မြို့က နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

ဆီးရီးယားမှာ အစိုးရက ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းမှုတွေ ရပ်သွားအောင် အာရပ် အဖွဲ့ချုပ်က လေ့လာရေးမှူးတွေ ဝင်ရောက် စစ်ဆေး ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ ပါဘူး။

အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာတော့ အရပ်သား ၁၄ယောက် သေဆုံးခဲ့ပြီး အဲဒီ အထဲက ရှစ်ယောက်ဟာ နိုင်ငံမြောက်ပိုင်းက ဘတ်စကား အသေးစား တခုပေါ်မှာ ဗုံးပေါက် ကွဲမှုကြောင့် ထိမှန် သေဆုံးသွားတာလို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူ တွေက ပြောပါတယ်။