Yahoo ပူးတွဲ တည်ထောင်သူ ရာထူးက ရုတ်တရက် နုတ်ထွက်

  • 18 ဇန်နဝါရီ 2012
Image caption ရာဟူး ပူးတွဲ တည်ထောင်သူ Jerry Yang

Yahoo ရာဟူး အင်တာနက် ကော်ပိုရေးရှင်း ပူးတွဲ တည်ထောင်သူ Jerry Yang ဟာ ရုတ်တရက် ရာထူးက နုတ်ထွက် သွားပါတယ်။

ရာဟူး စတင်တည်ထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၇ နှစ် ကတည်းက စိတ်လှုပ်ရှားဖွယ်တွေ ဖန်တီး နိုင်ခဲ့ကြပြီး ဒါတွေက ကျွန်တော် ဘဝ အတွက် အတွေ့အကြုံ ဆုလဒ် တွေပါဘဲ ဒါပေမယ် အခုတော့ တခြား စိတ်ဝင်စား စရာတွေ လုပ်ဖို့ အချိန် ရောက်လာပါပြီလို့ Mr Yang က ပြောပါတယ်။

Mr Yang ဟာ အတွေးမြင်သစ်နဲ့ စွန့်ဦး တီထွင်သူ တယောက် ဖြစ်ပြီး ဖန်တီးမှု အမွေတွေ ထားသွားခဲ့ ပါတယ်လို့ ရာဟူး ကော်ပိုရေးရှင်းရဲ့ ဥက္ကဌ Scott Thompson က ဆိုပါတယ်။

၂ဝဝဂ ခုနှစ်တုန်းက မိုက်ကရိုဆော့ဖ်က ရာဟူးကို ဝယ်ဖို့ ကြိုးစားခဲ့ ရာမှာ မစ္စတာ ရန်းဟာ တချို့ ရာဟူး အစုရှယ်ယာ ပိုင်ရှင်တွေကို ပ ထုတ်ခဲ့တယ်လို့ လေ့လာ သုံးသပ်သူတွေက ဆိုပေမယ့် အဲဒီ အရောင်းအဝယ် ကိစ္စလည်း အထ မမြောက်ခဲ့ပါဘူးလို့ ပြောပါတယ်။