ဘင်္ဂလားဒေ့ရှ် တပ်တွင်းပုန်ကန်မှုကို တားဆီးနိုင်

  • 19 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဘင်္ဂလားဒေ့ရှ် တပ်တွင်းပုန်ကန်ရန်ကြံမှုကို ဖော်ထုတ် တားဆီးနိုင်ခဲ့

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ပြုတ်ကျရေး လှုပ်ရှားခဲ့တဲ့ အရာရှိတွေကို ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပြောပါတယ်။

ဒီကြံစည်မှုကို ဘာသာရေးအယူသည်း အုပ်စု တစုက လုပ်ဆောင်တာလို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ကြီး မိုဟာမက် မာဆုရာဇတ်က ပြောပါတယ်။

ဒီဇင်ဘာလက ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အစ္စလာမ်အယူသည်း အရာရှိ ၂၆ ယောက်ပါတဲ့ အဖွဲ့လို့လည်း သိရပါတယ်။

ဖော်ထုတ်နိုင်ခဲ့တဲ့ အဖွဲ့ဝင်တချို့ကို စစ်ခုံရုံးမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီလျှို့ဝှက်ကြံစည်မှုကို ပြည်ပရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတချို့ လှုံ့ဆော်တာလို့လည်း သူကဆိုပါတယ်။

မနှစ်က အခြေခံဥပဒေမှာ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ထားပေမယ့် ပိုပြီး လောကီဆန်တဲ့ အပြောင်းအလဲတွေ လုပ်ခဲ့တာကို အယူသည်းအုပ်စုတွေက မကျေနပ်လို့ ကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။