နိုက်ဂျီးရီးယား အစ္စလာမ်ဝါဒီ ဗုံးခွဲ

  • 21 ဇန်နဝါရီ 2012
boko haram
Image caption ဘိုကို ဟာရမ်ရဲ့ ဖောက်ခွဲ တိုက်ခိုက်မှု တခု တွေ့ရစဉ်

နိုက်ဂျီးရီးယားမှာ လွန်ခဲ့တဲ့ နာရီပိုင်းက ဘိုကိုဟာရမ် အစ္စလာမ် ဝါဒီ အဖွဲ့က ဖောက် ခွဲမှုတွေ ဆက်တိုက် ပြုလုပ် ခဲ့ပါတယ်။

ဒီအဖွဲ့ဟာ အစ္စလာမ် အစွန်းရောက် အဖွဲ့ဖြစ်ပြီး အစ္စလာမ် ဘာသာကိုကိုးကွယ်သူမှအပ ကျန်တဲ့ လူတွေ အားလုံးဟာ အပြစ် ရှိတဲ့လူတွေလို့ သဘောထားပါတယ်။

ဟာရမ် ဆိုတာ ပိတ်ပင်တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပြီး ဘိုကိုကတော့ ဟောက်ဆာ ဘာသာနဲ့ အတုကို ရည်ညွှန်းပါတယ်။

ဆိုလိုတာက ဘိုကို ဟာရမ်ဆိုတာ အတု အယောင်ကို တားမြစ် ပိတ်ပင်တဲ့ အဖွဲ့လို့ အဓိပ္ပါယ် ရပြီး အနောက် လူ့အဖွဲ့အစည်းနဲ့ ဆိုင်တယ်လို့ ယေဘုယျ သတ်မှတ်နိုင်တဲ့ နိုင်ငံရေး၊ လူမှု ရေး လုပ်ဆောင်မှုတွေကို တင်းတင်း ကြပ်ကြပ် တားမြစ်ပါတယ်။

ဥပမာ ရှပ်အင်္ကျီ ဝတ်တာ၊ ဘောင်းဘီ ဝတ်တာ၊ ရွေးကောက်ပွဲ မဲထည့်တာ နောက် ဘာ သာရေးနဲ့ ကင်းတဲ့ ပညာ သင်ကြာမှုမျိုးတွေကို လုံးဝ ပိတ်ပင် တားမြစ် ထားပါတယ်။

နိုက်ဂျီးရီးယား သမ္မတ ဂွဒ်လပ် ဂျွန်နသန် ကိုယ်တိုင်က မွတ်စလင် ဖြစ်ပေမယ့် နိုက်ဂျီးရီး ယားကို အယုံ အကြည် မရှိသူတွေက အုပ်ချုပ်နေတယ်လို့ သဘောထားပါတယ်။

သူတို့ရဲ့ တရားဝင် နာမည်ကို အာရေဗီ ဘာသာနဲ့ ပေးထားပြီး တမန်တော် မိုဟာမက်ရဲ့ မိန့်မှာချက် ပြန့်ပွားရေး အတွက် ဆောင်ရွက်နေသူများလို့ အဓိပ္ပါယ် ရပါတယ်။

၂၀၀၂ ခုနှစ်မှာ မွတ်စလင် ကျမ်းစာသင်တဲ့ ဆရာ မိုဟာမက် ယူဆပ်ဖက ဘာသာရေး ကျောင်း တခုကို ဘိုကိုဟာရမ် ဆိုတဲ့ နာမည်နဲ့ စဖွင့်ပါတယ်။

ဆင်းရဲတဲ့ မွတ်စလင် မိသားစုတွေ အပါအဝင် အနီး ပတ်ဝန်းကျင်က မိသားစုတွေက သူတို့ ခလေးတွေကို မိုဟာမက် ယူဆပ်ဖရဲ့ ကျောင်းကို ပို့ပါတယ်။

ဒါပေမယ့် ဘိုကို ဟာရမ်ရဲ့ ရည်ရွယ်ချက်က ပညာရေး သက်သက်တင် မဟုတ်ပါဘူး၊ သူ တို့က နိုက်ဂျီးရီးယားကို အစ္စလာမ် ဝါဒီ နိုင်ငံ အဖြစ် ပြောင်းလဲ ပစ်ချင်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ဘိုကို ဟာရမ်ဟာ မိတ်ဒူ ဂူရီမြို့မှာ ရဲခစန်း တခုနဲ့ အစိုးရ အဆောင်အဦတွေ အပါအဝင် ဖောက်ခွဲမှုတွေ တခုပြီး တခု ပြုလုပ်ခဲ့ပါတယ်။

လမ်းပေါ် သေနတ် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး လုံခြုံရေး တပ်တွေက ဘိုကို ဟာရမ် ဌာန ချုပ်ကို ချေမှုန်း လိုက်သလို ကျောင်းဆရာ မိုဟာမက် ယူဆပ်ဖကိုလည်း သတ်ပစ် လိုက်ပါတယ်။

အစိုးရက ဒီအဖွဲ့ နိတ်ထိတံသွားပြီလို့ ရုပ်သံကနေ ကြေညာပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီအဖွဲ့ ဟာ ခေါင်းဆောင်သစ် အောက်မှာ လူပြန်စုပြီး တိုက်ခိုက်မှုတွေ ပြန်လုပ် လာပါတယ်။

ဘိုကို ဟာရမ်ရဲ့ လုပ်ကိုင်ပုံက သူတို့ အဖွဲ့ကို ဝေဖန်တဲ့သူ ဘယ်သူမဆို တခြား မွတ်စလင် တွေကိုပါ ပစ်မှတ် အဖြစ် သဘောထားပြီး တိုက်ခိုက်မှု လုပ်တဲ့အခါမှာ မော်တော် ဆိုင်ကယ်နဲ့ သေနတ်သမားတွေကို အသုံးပြုပါတယ်။

ပြီးခဲ့တဲ့လ ခရစ္စမတ်နေ့မှာ လူအများအပြား သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်ပါတယ်။

၂၀၁၁ နိုဝင်ဘာလမှာ အမေရိကန် လွှတ်တော် အမတ် တယောက်က ဘိုကို ဟာရမ် အ ကြောင်း အစီရင်ခံစာ တစောင် ပြုစုခဲ့ပြီး ဒီအဖွဲ့ဟာ အမေရိကန်နဲ့ အမေရိကန်ရဲ့ အကျိုးစီးပွား အတွက် အန္တရယ် ရှိတဲ့ အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဘိုကို ဟာရမ်ဟာ အာဖရိကက အယ်ခိုင်ဒါ အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ စွပ်စွဲပေမယ့် သူတို့ကတော့ ငြင်းပါတယ်။

လေ့လာ သုံးသပ်သူတွေကတော့ ခု ပြဿနာတွေရဲ့ အရင်းခံဟာ ဆင်းရဲ မွဲတေမှု ဖြစ်ပြီး ဒီဆင်းရဲ မွဲတေမှုတွေ ပပျောက်သွားမှ ဘာသာရေး အစွန်းရောက် အယူတွေ ပျောက် သွားမှာလို့ သုံးသပ် ပြောဆိုနေပါတယ်။