ဆိုမာလီ သူပုန်တွေကို စစ်ဆင်

  • 20 ဇန်နဝါရီ 2012
Image caption မိုဂါးဒစ်ရူးမြို့ပြင်ဘက်က အဲလ်ရှာဘတ် စခန်းနေရာ တွေကို သိမ်းယူနိုင်ခဲ့ပါတယ်

ဆီမာလီးယား မြို့တော် မိုဂါဒစ်ရူးကနေ အဲလ်ရှာဘတ် သူပုန်တွေကို တိုက်ထုတ်ဖို့ အတွက် စစ်ဆင်ရေးကြီးတခု စတင်ခဲ့ ပြီးနောက် ဆိုမာလီအစိုးရကို ထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ အဲလ်ရှာဘတ် သူပုန်အဖွဲ့တို့ အကြား တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေကြပြီ ဖြစ်ပါတယ်။

ဆိုမာလီ တပ်ဖွဲ့တွေနဲ့ အာဖရိကသမဂ္ဂတို့ရဲ့ ပူးတွဲတပ်ဖွဲ့တွေဟာ မိုဂါဒစ်ရူးကို မနက် အရုဏ်တက်မှာ စတင်တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပူးတွဲတပ်ဖွဲ့တွေဟာ တင့်ကားတွေအကူအညီနဲ့ မိုဂါးဒစ်ရူးမြို့ပြင်ဘက်က အဲလ်ရှာဘတ် စခန်းနေရာတွေကို သိမ်းယူနိုင်ခဲ့ပါတယ်။

သူပုန်တွေကတော့ သူတို့အနေနဲ့ ပူးတွဲတပ်တွေကို ပြန်လည်တိုက်ထုတ်ပစ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာမှာတော့ သူပုန်တွေရဲ့ ချုံခို တိုက်ခိုက်မှုကြောင့် ဆီမာလီ အစိုးရ ထိပ်တန်း တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပါတယ်။