ကြက်ငှက်တုပ်ကွေး ရောဂါပိုး သုတေသန ဆိုင်းငံ့

  • 21 ဇန်နဝါရီ 2012
Image caption ကြက်ငှက်တုပ်ကွေးရောဂါပိုးကို အကြမ်းဖက် သမားတွေ သုံးနိုင်တယ်ဆိုပြီး စိုးရိမ်နေ

ကြပ်ငှက်တုပ်ကွေး ရောဂါပိုးနဲ့ပတ်သက်ပြီး စမ်းသပ်မှုတွေပြုလုပ်နေတဲ့ အဓိက ဓာတ်ခွဲ ခန်း တွေက ဆေးပညာရှင်တွေဟာ အလွယ် တကူ ကူးစက်နိုင်တဲ့ ကြပ်ငှက်တုပ်ကွေး ရောဂါပိုးတမျိုး ဖန်တီးထုတ်လုပ်နေတဲ့ သူတို့ရဲ့ သုတေသနပြုချက်တွေကို ၂ လ ကြာ ဆိုင်းငံ့ထားဖို့ သဘောတူလိုက်ကြ ပါတယ်။

အကြောင်းကတော့ ဒီရောဂါပိုးတွေကို အကြမ်း ဖက် သမားတွေက အသုံးပြုနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု တွေထွက်ပေါ်လာတာကြောင့် ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ တက္ကသိုလ် ၂ ခုက သိပ္ပံပညာရှင် တွေက Bird Flu လို့ခေါ်တဲ့ ကြက်ငှက်တုပ်ကွေး ရောဂါပိုးကို မေထုန်မဲ့ စမ်းသပ် ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး စိုးရိမ်မှုတွေ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။

ရောဂါပိုးကို စမ်းသပ်ဖန်တီး ထုတ်လုပ်ခဲ့တာဟာ မနှစ်ကတည်းက ဖြစ်ပြီး၊ အခု ကြေညာ ခဲ့တဲ့ အချိန်မှာတော့ ချက်ခြင်းဆိုသလို စိုးရိမ်မှုတွေ ထွက်ပေါ်လာတာပါ။

ဒီရောဂါပိုး ဖန်တီးထုတ်လုပ်တဲ့ နည်းကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်ရအောင် အသေအချာ သိမ်းဆည်းဖို့ ဆေးပညာရှင်တွေကို အမေရိကန်က တိုက်တွန်းခဲ့ ပါတယ်။

ဆေးပညာရှင်တွေဘက်ကလည်း အခုသူတို့သုတေသနပြုချက်တွေရဲ့ အကျိုး အပြစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ညီလာခံတခုကျင်းပကာ ဆွေးနွေး ကြဖို့ တောင်းဆိုလိုက်ပါတယ်။