အီရတ်မှာ ပြန်ပေးဆွဲ ခံရတဲ့ ဗြိတိသျှ အစောင့်တပ်သား အလောင်း ပြန်ရ

  • 21 ဇန်နဝါရီ 2012
Image caption Alan McMenemy ရဲ့ အလောင်း ပြန်ရပြီ

လွန်ခဲ့တဲ့ ငါးနှစ် နီးပါး လောက်တုန်းက အီရတ်မှာ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ဗြိတိသျှ အစောင့် တပ်သား တယောက်ရဲ့ အလောင်းကို ပြန်ရခဲ့ပါတယ်။

အရင်တုန်းက ဓါးစာခံ အဖြစ် ဖမ်းဆီး ခံခဲ့ရတဲ့ Alan McMenemy ရဲ့ အလောင်းကို ရပြီလို့ ဘဂ္ဂဒက် မြို့က ဗြိတိသျှ သံရုံးက ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

မစ္စတာ မက်ခ် မီနီမီ ဟာ ၂ဝဝရ ခုနှစ်တုန်းက ပြန်ပေးဆွဲ ခံခဲ့ရတဲ့ လုံခြုံရေး တပ်သား လေးယောက်ထဲက တယောက် ဖြစ်ပြီး သူတို့နဲ့ အတူ ပြန်ပေးဆွဲခံရတဲ့ ကွန်ပြူတာ ကျွမ်းကျင် ပညာရှင် Peter Moore ကိုတော့ အသက် ရှင်လျက် ပြန်လွှတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ ဓါးစားခံ သုံးယောက်ရဲ့ အလောင်းကိုလည်း ပြန်ရခဲ့ပြီး ဖြစ်ပါတယ်။

အသတ်ခံရတုန်းက အသက် ၃၄ နှစ် သာ ရှိတဲ့ မစ္စတာ မက်ခ် မီနီမီရဲ့ အလောင်းကို ပြန်ပေးဖို့ အသင့်ဘဲလို့ အခုလ အစောပိုင်းတုန်းက အီရတ်က လက်နက်ကိုင် အဖွဲ့ တဖွဲ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။