လစ်ဗျား အသွင်ကူးပြောင်း ကောင်စီ ပြောခွင့်ရသူ နုတ်ထွက်မယ်လို့ ပြောပြီ

  • 23 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကဒါဖီကို ရှာတွေ့ခဲ့တဲ့ ရေပိုက်လုံး ခေါင်းပေါက်

လစ်ဗျားနိုင်ငံမှာ အသွင်းကူးပြောင်းရေး အစိုးရ အဖွဲ့ထဲက လက်ထောက် အကြီးအကဲ ဖြစ်တဲ့ Abdel Hafiz Ghoga သူ ရာထူးက နှုတ်ထွက်တော့ မယ်လို့ ပြောပါတယ်။

လစ်ဗျားရဲ့ ဒုတိယ အကြီးဆုံး ဖြစ် တဲ့ ဘန်ဂါဇီမြို့မှာ ပြီးခဲ့တဲ့ စနေနေ့တုန်းက လူလေးငါးရာ လောက်က အသွင်ကူးပြောင်းရေး ကောင်စီ ဌာနချုပ်ကို ဝင်ရောက် စီးနင်း ဆန္ဒပြခဲ့ပြီးတဲ့ နောက် အခုလို ရာထူး နှုတ် ထွက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အိမ်တွင်းလုပ် ဗုံး လေးငါးလုံးနဲ့ ပစ်ဖောက် ဆန္ဒပြခဲ့ကြပြီး အသွင်ကူးပြောင်းရေး ကောင်စီ အနေနဲ့ ပိုပြီး ပွင့်လင်း မြင်သာမှု ရှိစေဖို့ အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်တဲ့ မစ္စတာ ဂိုဂါကို အဓိက ပစ်မှတ်ထား တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကဒါဖီ လက်ထက်က အုပ်ချုပ်သူတွေနဲ့ မစ္စတာ ဂိုဂါဟာ အဆက်သွယ် ရှိပြီး သူဟာ အခွင့်သာတဲ့ ဖက်ကို ကူးတက်သူ ဖြစ်တယ်လို့ ဆန္ဒပြသူ တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။