ဆီးရီးယား အရေး အာရပ် အဖွဲ့ချုပ် တောင်းဆိုချက်တွေ ထုတ်ပြန်

  • 23 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အစိုးရ ဆန္ဒပြသူတွေကို တင့်ကားနဲ့ နှိမ်နင်းနေ

ဆီးရီးယား နိုင်ငံမှာ သွေးထွက် သံယိုမှုတွေ အဆုံးသတ် သွားအောင် နိုင်ငံရေး အစီအမံသစ်တွေ လုပ်ဆောင်ဖို့ အာရပ် အဖွဲ့ချုပ်က ပန်ကြား လိုက်ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ သစ်တွေ ကျင်းပပေးဖို့ ဆီးရီးယား အစိုးရကို အာရပ် အဖွဲ့ချုပ်က တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ကိုင်ရိုမြို့မှာ အာရပ် အဖွဲ့ချုပ်က ကျင်းပတဲ့ အစည်းအဝေး ပွဲက ချမှတ်လိုက်တဲ့ သဘော တူညီမှုတွေနဲ့ အဆိုပြုချက် တွေကို ပြောကြား ရာမှာ အတိုက်အခံ အဖွဲ့တွေနဲ့ စေ့စပ် ညှိနှိုင်းပြီး အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့ဖို့ ၊ အကြမ်းဖက် မှုတွေကို အဆုံးသတ်ဖို့ ဆီးရီးယား သမ္မတ ဘတ်ရှား အယ် အာဆက်ကို ပန်ကြား လိုက်ကြောင်း ကာတာ နိုင်ငံခြားရေးက ပြောပါတယ်။

အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက် အရ ဆီးရီးယားက လူထု အုံကြွမှုတွေ အတွင်း သေဆုံးမှုတွေကို စုံစမ်း စစ်ဆေးဖို့ အထူး ကော်မရှင် တရပ် ဖွဲ့စည်း ဖို့ကိုလည်း အာရပ် အဖွဲ့ချုပ်က တောင်းဆို ထားပါတယ်။