ကင်ညာ နိုင်ငံရေးသမားများ တရားစွဲခံရ

  • 23 ဇန်နဝါရီ 2012
ဝီလျံရိုတိုကို ထောက်ခံသူများ စွဲဆိုမှုသတင်း နားထောင်နေစဉ် ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဝီလျံရိုတိုကို ထောက်ခံသူများ စွဲဆိုမှုသတင်း နားထောင်နေစဉ်

နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကင်ညာ နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေး သမား ၄ယောက်တို့ကို ၂၀၀၇ ရွေးကောက်ပွဲ အကြမ်း ဖက်မှုတွေ အတွင်း လူအများ အပြား သေဆုံးမှုနဲ့တရား စွဲဆို လိုက်ပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ ကင်ညာ နိုင်ငံရေး အနာဂတ် အပေါ်အတော် ရိုက်ခတ် နိုင်ပါတယ်။ ဒီ၄ယောက်ထဲမှာ လာမယ့် ရွေးကောက်ပွဲမှာ သမ္မတလောင်း အဖြစ်ယှဉ်ပြိုင်သူ နှစ်ယောက် ပါဝင်ကြပါတယ်။

ဝီလျံရူတိုက ရာထူးချထားခံရတဲ့ ဝန်ကြီးဖြစ်ပါတယ်။ အူဟူးရူး ကင်ညာတာကတော့ လက်ရှိဒုတိယ ဝန်ကြီးချုပ်ဖြစ်ပြီး နိုင်ငံ့ပထမဆုံး သမ္မတရဲ့သားလည်းဖြစ်ပါတယ်။ တရားရုံးက ဘယ်လို အဖြေဘဲထွက်ထွက် သူ့အနေနဲ့ နိုင်ငံရေး ဆက် လုပ်ချင်တယ်လို့ ကင်ညာတာက ဘီဘီစီကိုပြောပါတယ်။ အယူခံဝင်နိုင်မယ့်အတွက် တရားစီရင်ဖို့ လနဲ့ချီကြာနိုင်ပါတယ်။

ကင်ညာမှာ ရွေးကောက်ပွဲတွေအတွင်း အကြမ်းဖက်မှု ရာဇဝင်ရှိခဲ့ဘူးပါတယ်။ဒါပေမယ့် တခါမှ အရေးယူအပစ်ပေးတာ မခံရသေးတဲ့အတွက်အခု နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စွဲဆိုမှုဟာ တရားစွဲလို့မရတဲ့ အစဉ်အလာကို အဆုံးသတ်ပြီး နောင်ရွေးကောက်ပွဲတွေပို အေးချမ်းလာနိုင်တယ်လို့ နိုင်ရိုဘီမြို့ရှိ ဘီဘီစီ သတင်းထောက် ဝီလ်ရောစ်က ပြောသွားပါတယ်။