အီးယူရဲ့ ပိတ်ဆို့ အရေးယူမှု မတရားဘူးလို့ အီရန်ပြော

  • 24 ဇန်နဝါရီ 2012
Image caption ဥရောပ သမဂ္ဂ အီရန် အပေါ် အရေးယူပြီ

အီရန် နိုင်ငံရဲ့ နျူကလီးယား လက်နက် အစီအစဉ် ရပ်တန့်ဖို့ ရည်ရွယ်တဲ့ ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုကို အီရန် အစိုးရက ရှုတ်ချလိုက်ပြီး ဒါဟာ ကျိုးကြောင်း ဆီလျှော်မှုလည်း မရှိ ၊ မတရားဘူးလို့ ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ပျက်သုန်းမယ့် အစီအစဉ် ဖြစ်ပြီး အီရန် အပေါ် စိတ်ဓါတ်ရေးရာ တိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အီရန်က ရေနံစိမ်း တင်သွင်းမှုကို တားမြစ်လိုက်ပြီး အီရန် ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တဲ့ ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုကို အမေရိကန် ပြည်ထောင်စု ကတော့ ကြိုဆိုလိုက်ပါတယ်။

ဥရောပ သမဂ္ဂဟာ အီရန်က ထုတ်တဲ့ ရေနံစိမ်းရဲ့ နှစ်ဆယ် ရာခိုင်နှုန်းကို ဝယ်ယူ တင်သွင်းနေတာပါ။

အဲလိုသာ ဆက်ပြီး သူတို့ကို ပိတ်ဆို့ အရေးယူမယ် ဆိုရင် အီရန်ကလည်း ဟော်မုစ် ရေလက်ကြားကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။