ပါကစ္စတန်သမ္မတ မြန်မာလာ

  • 24 ဇန်နဝါရီ 2012
zardari
Image caption ပါကစ္စတန်သမ္မတ ဇာဒါရီ နေပြည်တော်မှာ မြန်မာသမ္မတနဲ့ တွေ့ဆုံခဲ့

ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ ဒီကနေ့ ညနေ ငါးနာရီက နေပြည်တော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ပါကစ္စတန်ဘက်က နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံစီးပွားရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

မနက်ဖြန်နေ့လယ် ရန်ကုန်မှာ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဇာဒါရီ ကိုယ်တိုင် ပါကစ္စတန်ရဲ့ အမြင့်ဆုံး ဆုတံဆိပ် ချီးမြှင့်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့က ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။