တရုတ်ရဲကြောင့် တိဗက်အရေး ဆန္ဒပြသူ သေဆုံး

  • 24 ဇန်နဝါရီ 2012
Image caption တိဗက် လွတ်မြောက်ရေး လှုပ်ရှားသူတွေ

တရုတ်နိုင်ငံက တိဗက် လူမျိုးတွေ လွှမ်းမိုးရာ ဒေသမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ဆန္ဒပြ သမား တယောက် သေဆုံး သွားပါတယ်။

ဆန္ဒပြသူတွေ အဆိုအရ ရဲက လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးရတာလို့ ဆိုပါတယ်။

တိဗက် လွတ်မြောက်ရေးကို ထောက်ခံတဲ့ အနေနဲ့ ဇီချွမ် ပြည်နယ်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာက အစိုးရ ရုံးတွေကို ချီတက် ခဲ့ပြီးတဲ့နောက် ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ တိဗက် အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က ပြောပါတယ်။

တရုတ် အစိုးရ အာဘော် သတင်း အေဂျင်စီကတော့ လူတယောက် သေဆုံးတယ်လို့ ဆိုပေမယ့် ပစ်ခတ်မှု အကြောင်းတော့ ပြောမသွားပါဘူး။

တိဗက် ဘုန်းကြီး တပါး သူ့ကိုယ်သူ မီးရှို့ ဆန္ဒပြတော့မယ် ဆိုတဲ့ ကောလဟလ သတင်းတွေ ထွက်လာ ပြီးတဲ့နောက် ရဲစခန်း တခုကို လူအုပ်ကြီးက တိုက်ခိုက်ခဲ့ တာပါလို့ ဆိုပါတယ်။