ပြင်သစ်ရဲ့ ဥပဒေမူကြမ်း တူရကီလက်မခံ

  • 24 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ်ရဲ့လုပ်ရပ်ကို တူရကီက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်

ပထမကမ္ဘာစစ်တုန်းက တူရကီနိုင်ငံက အာမေးနီးယားနိုင်ငံသား အများအပြားကို သတ်ဖြတ်ခဲ့မှုဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူးလို့ ငြင်းဆိုရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ ပြင်သစ်အစိုးရက ဥပဒေသစ် တခု ပြဋ္ဌာန်းဖို့ လုပ်နေပါတယ်။

ဒီဥပဒေသစ်ကို အတည်မပြုဖို့ ပြင်သစ်သမ္မတ ဆာကိုဇီကို တူရကီဝန်ကြီးချုပ် ရီးစပ်တေးရစ်ပ် အာဒိုကန် က သတိပေးလိုက်ပြီး ပြစ်သစ်က ဒီ ဥပဒေသစ် ပြဋ္ဌာန်းရင် တုန့််ပြန်မှုတွေလုပ်မယ် လို့ ပြောလိုက်ပါတယ်။

တူရကီ ဝန်ကြီးချုပ်က ဒီ ဥပဒေသစ်က သူတို့အတွက်တော့ အဓိပ္ပာယ် မရှိဘူး၊ ပြီးတော့ ဒီလုပ်ဆောင်ချက်က ဥရောပရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတာဖြစ်သလို ခေတ်နောက် ပြန်ဆွဲတဲ့လုပ်ရပ်တခုပဲ လို့ တုန့််ပြန်လိုက်ပါတယ်။

ဒီ ဉပဒေသစ် ပြဋ္ဌာန်းရင် တုန့််ပြန်မှုတွေ လုပ်သွားမယ်လို့ပြောပေမယ့် ဘာတွေလုပ်မယ် ဆိုတာ ကိုတော့ အတိအကျ မပြောခဲ့ပါဘူး။

တူရကီက အမြဲတမ်း စီးပွားပိတ်ဆို့မှုတွေလုပ်သွားမယ်လို့လဲ ပြောနေပေမယ့် ပြင်သစ်နိုင်ငံ ဟာ တူရကီနိုင်ငံ ရဲ့ ပဉ္ဇမ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်သလို ဥရောပ ကုန်သွယ်မှု သဘော တူညီချက်ရှိတာကြောင့် စီးပွားရေးဖြတ်တောက်မှုတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးသပ်ကြ ပါတယ်။

ဒါပေမယ့် အခုကိစ္စကြောင့် တူရကီနိုင်ငံက သံတမန်အဆက်အသွယ် ဖြတ်တောက်မှုတွေ ရှိခဲ့ပြီး နှစ်နိုင်ငံသံတမန် ဆက်သွယ်ရေးယနေ့အထိ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ ပြင်သစ်ရဲ့လုပ်ဆောင်ချက်ဟာ လူအခွင့်အရေး ကို ကာကွယ်တာဖြစ်လို့ ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီဥပဒေကို ပြဠာန်းခဲ့ရင်တော့ တူရကီ နဲ့ အာမေးနီးယား ၂ နိုင်ငံ ရင်ကြားစေ့ရေး လုပ်ဆောင်မှု ပိုပြီးဖြစ်နိုင်ခြေမရှိတော့ဘူးလို့ လည်းတွက်ဆနေကြပါတယ်။

နယ်ခြားဒေသပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အာမေးနီးယား နဲ့ အဇာဘိုင်ဂျန် ၂ နိုင်ငံ ဟာ ဆယ်စုနှစ် ၂ ခုကျော် တိုက်ခိုက်နေတဲ့ကိစ္စမှာလဲ ပြင်သစ်က ကြားဝင်ဖြေရှင်းပေးသူ အနေနဲ့ လုပ်ဆောင်နေမှုကို ထိခိုက်နိုင်ဖွယ်ရှိပါတယ်။

အခုဥပဒေပြဠာန်းချက်ဟာ ပြင်သစ်ကအာမေးနီးယားအပေါ် ဘက်လိုက်သလို ဖြစ်နေတာ ကြောင့် အဇာဘိုင်ဂျန် အနေနဲ့ ပြင်သစ်အပေါ် ယုံကြည်မှု လျော့နည်းစေတယ်လို့ က နိုင်ငံရေးသမားများက သုံးသပ်နေကြပါတယ်။