လစ်ဗျားက လက်နက် ကိုင်ဆောင်မှု သတိပေးပြီ

  • 26 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို ဦးဆောင်ခဲ့တဲ့ Abdul Jalil

လစ်ဗျား နိုင်ငံမှာ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်လို့ မရတဲ့ ပြဿနာဟာ တိုင်းပြည် မငြိမ်မသက် မှုကို ဆိုးရွား လာစေပြီး အချုပ်ခန်းတွေ ထဲမှာလည်း တရားမဝင် ဖမ်းထားတဲ့ သူတွေ အများကြီးဘဲလို့ လစ်ဗျား ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် Ian Martin က ပြောပါတယ်။

လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ဘန်နီဝါလီမြို့နဲ့ ဘန်ဂါဇီ မြို့တွေက အဖြစ်အပျက် တွေဟာ အစိုးရရဲ့ ဒီလက်နက်ကိုင် တွေ အပေါ် မထိန်းချုပ် နိုင်တာ ပေါ်လွင်နေတယ်လို့ မစ္စတာ မာတင်က လုံခြုံရေး ကောင်စီ မိန့်ခွန်းမှာ ထည့်သွင်း ဆိုသွားခဲ့ပါတယ်။

ကြားဖြတ် အစိုးရ အဖွဲ့ဟာ ဒီ လက်နက်ကိုင် အရံတပ်ဖွဲ့ဟောင်း တွေကို ချေမှုန်းဖို့ ကြိုးစားနေပေမယ့် သူတို့အစိုးရ တရားဝင် အသိအမှတ် ပြုခံရဖို့ ကိုတောင် မနည်း ရုန်းကန် ကြိုးစား နေရတယ်လို့ မစ္စတာ မာတင်က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး နာဗီ ပီလေး ကလည်း ကဒါဖီ သစ္စာခံ တပ်ဖွဲ့ဝင် ရှစ်ထောင်ကျော် ဟာ တရားမဝင် လက်နက် ကိုင်ဆောင် ထားကြပြီး ထိန်းသိမ်းရေး စခန်းတွေမှာလည်း ညှင်းပမ်း နှိပ်စက်မှု ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့ ဆိုပါတယ်။