ဂျာမန် အဆိုပြုချက် ဂရိ ပယ်ချ

  • 29 ဇန်နဝါရီ 2012
greek_finance_minister_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိ ဘဏ္ဍာရေး ဝန်ကြီး

ဂရိအစိုးရက ဂရိ နိုင်ငံ ဘတ်ဂျက်အပေါ် ထိန်းချုပ်ရေး အတွက် ဗီတို အာဏာ အပ်နှင်းမယ့် ဉရောပသမဂ္ဂ ဆိုင်ရာ ကော်မရှင်နာ မင်းကြီး ခန့်အပ်ရေး ကို ဂျာမန် အစိုးရ တင်သွင်းတာနဲ့ ပတ်သက်လို့ ပယ်ချလိုက်ပါတယ်။

ဂရိ အစိုးရ က သာလျှင် အမြတ်ခွန်ငွေ ကောက်ခံမှု နဲ့ အသုံးစရိတ် အပေါ်မှာ ထိန်းချုပ်မှု ရှိမယ်လို့ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

ဂျာမန် အစိုးရ အရာရှိ တွေ ဘက် ကလည်း ဉရောပ သမဂ္ဂ မဟာမင်းကြီး အနေနဲ့ ဂရိနိုင်ငံ ရဲ့ အခွန်ဘဏ္ဍာ ကို ဂရိနိုင်ငံ ဘက်က တင်နေတဲ့ အကြွေးတွေ ပြန်လည် ပေးဆပ် နိုင်ရေး အပိုင်းမှာ တာဝန်ယူ ကူညီဖို့ ဆိုလိုကြောင်း ရှင်းပြပါတယ်။

ဂရိ အစိုးရ ဘက် က လည်း နိုင်ငံတကာ ကြွေးရှင်တွေ ဘက်က ချမှတ်ပေးထားတဲ့ အစီအစဉ် ကို လိုက်နာရေး အပိုင်းမှာ ပျက်ကွက်မှု တွေ ရှိနေပါတယ်။

ပုဂ္ဂလိက ငွေထုတ်ချေးသူ တွေ ဘက်ကတော့ လည်း၊ ဂရိ အနေနဲ့ တင်နေတဲ့ သူတို့ရဲ့ ကြွေးမြီ တွေ ပြန်ဆပ်ရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တွေဟာ သဘောတူညီမှု ရလုနီးပါး ဖြစ်နေတဲ့ အကြောင်း ရှင်းပြ ပါတယ်။