တောင်ပိုင်းဆူဒန် ရေနံတင် သင်္ဘောတွေကို ပြန်လွှတ်ပေးမယ်

  • 28 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption စေ့စပ်ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ ဆန္ဒရှိ တယ်လို့ ဆူဒန်အစိုးရဘက်က ပြောပါတယ်

ဆူဒန်အစိုးရက သူတို့ဖမ်းဆီးထားတဲ့ တောင်ပိုင်းဆူဒန်ပိုင် ရေနံတွေ တင်ဆောင် ထားတဲ့ သင်္ဘောတွေကို ပြန်လွှတ်ပေးမယ် လို့ ပြောကြားလိုက် ပါတယ်။

ဒါဟာ ဆူဒန်နှစ်နိုင်ငံအကြား ပိုမိုဆိုးဝါး လာနေတဲ့ အငြင်းပွားနေမှုကို လျော့ကျစေဖို့ ဆူဒန်အစိုးရရဲ့ ကြိုးပမ်းချက် တရပ် ဖြစ်ပါ တယ်။

အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် အီသီယိုပီးယားနိုင်ငံ အက်ဒစ် အာဘာဘာ မြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်မှာတော့ တောင်ပိုင်းဆူဒန် သင်္ဘောတွေကို ဆူဒန် ဆိပ်ကမ်းကနေ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ ဆူဒန် ဘက်က ကြားဝင် စေ့စပ်သူက ပြောပါတယ်။

ဆူဒန်အစိုးရ အနေနဲ့လည်း စေ့စပ် ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ ဆန္ဒရှိတယ်လို့ သူက ပြောပါတယ်။

တောင်ပိုင်းဆူဒန်ကတော့ ဆူဒန်နိုင်ငံဟာ သူတို့ရဲ့ ရေနံတွေကို ခိုးယူနေတယ်ဆိုပြီး၊ အခုအပတ် အစောပိုင်းက စလို့ သူတို့ရဲ့ ရေနံထုတ်လုပ်မှုတွေကို စတင် ပိတ်ပစ်နေတာ ဖြစ်ပါတယ်။