အာဖဂန် နဲ့ တာလီဘန် သမိုင်းဝင် ဆွေးနွေးပွဲ

  • 30 ဇန်နဝါရီ 2012
_afghan-taleban-
Image caption တာလီဘန် အဖွဲ့

အာဖဂန် အစိုးရ က လာမယ့် သီတင်းပတ် တွေ အတွင်းမှာ တာလီဘန် အရာရှိတွေ နဲ့ ဆော်ဝ်ဒီ အာရေဗျ နိုင်ငံမှာ တွေ့ဆုံဖို့ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဒီ ပထမ ဆုံးအကြိမ် ပဆွေးနွေးပွဲ သာ အောင်မြင်မှု ရှိခဲ့ရင် အာဖဂန် အငြင်းပွားနေမှု နဲ့ ပတ်သက်လို့ ညှိနှိုင်း ဆွေးနွေး အဖြေရှာမှု ဟာ အရေးပါလှ တဲ့ သမိုင်းဝင် မှတ်တိုင် ဖြစ်သွားနိုင်ပါတယ်။

လောလောဆယ် မှာတော့ တာလီဘန်တွေ ဆီက ဘာသံမှ မကြားရသေးပါဘူး။ သူတို့က သမ္မတ ဟာမစ်ကာဇိုင်း အစိုးရ ဟာ တရားမဝင်ကြောင်း ပြောခဲ့တါပါ။

မစ္စတာကာဇိုင်းဘက် က လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟာ အာဖဂန် အစိုးရ ဦးဆောင်တာပဲ ဖြစ်ရမယ် လို့ ပြောခဲ့ပေမယ့် အခုတော့ အမေရိကန် က တာလီဘန်တွေ နဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းရာက လမ်းစ ပေါ်လာရာမှာ ကတာ နိုင်ငံမှာ ဆက်သွယ်ရေးရုံး ဖွင့်လှစ်တဲ့ အခြေအနေ အထိ ဆိုက်ရောက် လာခဲ့ပါတယ်။