စီးပွားရေးအကြပ်အတည်း ဆွေးနွေးဖို့ ဥရောပ စည်းဝေး

  • 30 ဇန်နဝါရီ 2012
EU ထိပ်သီးအစည်းအဝေး ဓာတ်ပုံ မူပိုင် AFP
Image caption EU ထိပ်သီးအစည်းအဝေး

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင် နိုင်မယ့် နည်းလမ်းတွေ ရှာ ဖွေ ဖို့အတွက် ဥရောပ သမဂ္ဂ ခေါင်းဆောင် တွေဟာ ဘရပ်ဆဲလ် မြို့မှာ ဒီကနေ့ တွေ့ဆုံ ကြပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲမှာ ဥရောပတဝန်းမှာ ၁၀ ရာခိုင်နှုန်း အထိရှိနေတဲ့ အလုပ်လက်မဲ့ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ အဓိက ထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ္ဍာ ငွေ သတ်မှတ်မှု အတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှု တွေ လုပ်သွားမှာဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံကတော့ ဒီ ဘဏ္ဍာ ငွေ ဆွေးနွေးမှုမှာ တော့ ပါဝင်မှာ မဟုတ်ပါဘူး။

ဂရိ နိုင်ငံကသူ့ရဲ့ ဘဏ္ဍာ ငွေစီမံခန့်ခွဲမှုတွေကို အီးယူ ကို လွဲပြောင်းသင့်တယ်လို့ ဂျာမနီနိုင်ငံ ရဲ့ တင်ပြချက်ကတော့ အခြေအနေမကာင်းဘူးလို့ သိရပါတယ်။

စပိန် နဲ့ အီတလီ လို ငွေကြေးပြဿနာ ကြုံနေရတဲ့ နိုင်ငံတွေကိုကူညီနိုင်ဖို့ အီးယူ ခေါင်းဆောင် တွေက စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။