အီရပ်ဆွန်နီ ပါလီမန် သပိတ်မှောက်မှု ရုပ်သိမ်း

  • 30 ဇန်နဝါရီ 2012
nuri_al-maliki_
Image caption ဝန်ကြီးချုပ် နိုရီအယ်လ် မာလီကီ

အီရပ် မှ အဓိက ဆွန်နီ နိုင်ငံရေး ပါတီက ဂိုဏ်းဂန အငြင်းပွားမှု ချုပ်ငြိမ်းမှု မရှိမှာ ကို စိုးရိမ် နေကြသူ တွေ စိတ်သက်သာ မှု ရစေဖို့ ပံ့ပိုး ပေးတဲ့ အနေနဲ့ တလ ကြာ နေပြီ ဖြစ်တဲ့ နိုင်ငံရေး ပြဿနာ ကို ပြေလည် အောင်၊ ပါလီမန် ကို သပိတ်မှောက် ထား တာကို ရပ်ဆိုင်းလိုက်ပါပြီ။

အခုလို ပြုလုပ်ခြင်းအားဖြင့် ဆွန်နီ၊ ရှီးယား နဲ့ ကားဒစ်ရှ် နိုင်ငံရေး ပါတီတွေ အကြား ဆွေးနွေးရေး မှာ အလား အလာ ကောင်းတဲ့ အနေအထား ဖြစ်သွားပါပြီ။ ဒါပေမဲ့ လတ်အလော အခြေအနေက ကက်ဘိနက် ဝန်ကြီး အဖွဲ့ ကို သပိတ်မှောက်ထား ကြဆဲ ဖြစ်ပါတယ်။

ဒီပြဿနာ အစပျိုး ရခြင်းကလဲ ပြီးခဲ့တဲ့ လ က ရှီအိုက် ဝန်ကြီးချုပ် နိုရီ အယ်လ် မာလီကီ ကနေ အီရပ်ကီ ခေါင်းဆောင် တဦးကို ဖမ်းဝရမ်း ထုတ်လိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ဒီအခါမှာ ဆွန်နီ နိုင်ငံရေး သမား တွေက မစ္စတာ မာလီကီ ကို အာဏာရှင် အဖြစ် ရှုံ့ချ ကြတာဖြစ်ပါတယ်။

နောက်ပိုင်းမှာ တင်းမာမှု တွေ ကြီးထွားလာရာက ရှီးယား ပစ်မှတ် တွေ ကို ဗုံးဖေါက်ခွဲ မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။