မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပ

  • 30 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption သတင်းဂျာနယ်များ အရောင်းသွက်

မြန်မာ နိုင်ငံ သတင်းနဲ့ စာနယ်ဇင်း အဖွဲ့ နဲ့ စင်္ကာပူ နိုင်ငံ အခြေစိုက် Asia Media and Information Communication Centre (AMIC) အဖွဲ့တို့ရဲ့ ပူးပေါင်း စီစဉ်မှု အရ မီဒီယာဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ဒီကနေ့ ရန်ကုန်မြို့ အင်းယားကန် ဟိုတယ်မှာ စတင်ခဲ့ပါတယ်။

နှစ်ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲကို ဘီဘီစီ အပါအဝင် ပြည်ပ အခြေစိုက် သတင်း ဌာန တွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း မီဒီယာ လွတ်လပ်ခွင့် ပိုရအောင် ဘယ်လိုလုပ်ကြ မလဲ၊ ဘာတွေ လုပ်ကြ မလဲ ဆိုတာတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။

ဒီလို အလုပ်ရုံ ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်၊ အကြံပေးအဖွဲ့တွေဖွဲ့နိုင်မယ်၊ ကျွမ်းကျင်သူ တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်၊ ပြည်သူတွေရဲ့ အမြင်တွေကိုလက်ခံ ကျင့်သုံးနိုင်မယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့် ပိုရှိမယ့် အလားအလာတွေ မြင်တွေ့ရဖို့ရှိတယ် လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဘီဘီစီ မြန်မာ ဌာနမှူး ဒေါ်တင်ထားဆွေက ပြောကြား ခဲ့ပါတယ်။