၆၃ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ ကျင်းပ

ဓာတ်ပုံ မူပိုင် Reuters
Image caption ၆၃ နှစ်မြောက် ကရင်တော်လှန်ရေးနေ့

ဇန်နဝါရီလ ၃၁ ရက်နေ့ဟာ KNU ကရင်အမျိုးသားအစည်းအရုံးက မြန်မာ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ၆၃ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော က မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးပဏာမသဘော တူညီချက်ကို လက်မှတ်ထိုး နိုင်ခဲ့ပြီ ဖြစ်ပေမယ့် ဒါဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဆီကို ဦးတည် ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ အတွက် ခြေလှမ်းငယ်လေးမျှသာ ဖြစ်တယ် လို့ ကရင်တော်လှန်ရေး နေ့ အခမ်းအနား ကို ပေးပို့ တဲ့ သဝဏ်လွှာ မှာ ထဲမှာ ဆိုလိုက်ပါတယ်။

KNU နဲ့ မြန်မာအစိုးရ ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ က အပစ်အခတ် ရပ်စဲရေး သဘော တူညီ ခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီနောက်ပိုင်းမှာ ၂ ဘက်ကြား တိုက်ပွဲ ငယ်တွေ ဆက်လက် ဖြစ်ပွား နေပါသေး တယ် လို့ KNU ဒုဥက္ကဌ ဖဒို ဒေးဗစ် သာကပေါ က ဘီဘီစီ ကို ပြောပြ ပါတယ်။

အစိုးရ တပ်ဖွဲ့တွေ ရှေ့တန်း စခန်းထိုင် တွေ အတွက် ရိက္ခာ တင်ပို့တဲ့ စစ်ကြောင်း ဖြတ်သန်း မှု တွေ ကို တော့ KNU ထိန်းချုပ်ရာ နယ်မြေတွေ ထဲမှာ ခွင့်ပြု ထားကြောင်း သူ က ပြော ပါတယ်။

KNU ဖက်ကတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲမှု ကို အရင်တည်ဆောက်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆက်လက်ဖြေရှင်း ဆွေးနွေးသွားချင်တယ် လို့ ပြော ပါတယ်။