တာလီဘန်တွေကို အမေရိကန်က လေကြောင်း ထိုးစစ်ဆင်

  • 31 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် လေကြောင်းထိုးစစ်ဆင်

ယီမင် ကလာတဲ့ သတင်းတွေအရ အမေရိကန် လေကြောင်းတိုက်ခိုက်မှု တခု ကြောင့် အာဘရန် ပြည်နယ် တောင်ပိုင်း မှာ အယ်လ်ခိုင်းဒါး စစ်သွေးကြွ အနည်းဆုံး ၁၃ ဦးသေဆုံး ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ သူအများစုဟာ အစည်းအဝေး လုပ်နေတုန်း မှာ အခုလို တိုက်ခိုက် ခံခဲ့ရတာလို့ ဒေသခံ အာဏာပိုင်တွေ က ပြောကြား ခဲ့ ပါတယ်။

နောက်ထပ် လေကြောင်းပစ်ခတ်မှု တခုမှာတော့ အယ်လ်ခိုင်းဒါး မော်တော်ယာဉ် တစ်စီးကို လည်း ထိမှန်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးမှာ အမေရိကန်က မောင်းသူမဲ့ လေယာဉ် များကိုလဲ အသုံးပြုခဲ့တယ် လို့ ယီမင် လုံခြုံရေးဌာန က ပြောပါတယ်။

နိုင်ငံရေး မငြိမ်သက်မှု ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှာ စစ်သွေးကြွ တွေက အာဘရန် ပြည်နယ် အတော်များများ ကို ထိန်းချုပ်ထားပါတယ်။