ပြည်မကြီးသားတွေကို ဟောင်ကောင် ပုတ်ခတ်

  • 1 ဖေဖော်ဝါရီ 2012
hong kong ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်မကြီးသားတွေအတွက် ဟောင်ကောင်မှာ နေထိုင်ခွင့် တင်းမာ

ပြည်မကြီးက ဝင်လာသူတွေဟာ နှံကောင်တွေလိုပဲ ဟောင်ကောင်ထဲမှာ မွှေနှောက် နေတယ်လို့ ဟောင်ကောင် သတင်းစာမှာ ကြော်ငြာ ပါလာပါတယ်။

ဟောင်ကောင်ကို အပေါ်စီးက မိုးကြည့်နေတဲ့ ဧရာမနှံကောင်ကြီးက ဟောင်ကောင်သားတွေ တော်လောက်ပြီလို့ ပြောနေတဲ့ပုံနဲ့ ကြော်ငြာ ဟောင်ကောင် သတင်းစာတွေမှာ ပါလာပါတယ်။

ပြည်မကြီးက ဝင်လာတဲ့ သူတွေအတွက် သားသမီး မွေးဖွားခွင့်၊ ဟောင်ကောင်မှာ နေထိုင် အလုပ်လုပ်ခွင့် တင်းမာမှုတွေ ရှိနေပါတယ်။

အရင်လကပဲ တရုတ်ပြည်မက ပါမောက္ခတယောက်က ဟောင်ကောင်သားတွေဟာ သစ္စာဖောက်တွေ ကိုလိုနီ ကျေးကျွန်တွေလို့ ပြောဆိုခဲ့ပါတယ်။