တာလီဘန်ကို ပါကစ္စတန်က ကူညီနေ

  • 1 ဖေဖော်ဝါရီ 2012
Taliban
Image caption တာလီဘန်တွေကို ပါကစ္စတန်က တိုက်ရိုက် ကူညီ နေတယ်လို့ NATO အစီရင်ခံစာ ကဆို

အာဖဂန် နစ္စတန်မှာ ရှိတဲ့ NATO မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ရဲ့ လျှို့ဝှက် အစီရင် ခံစာတခုမှာ တာလီဘန် သူပုန် တွေကို ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့ ISI က တိုက်ရိုက် အကူအညီ တွေ ပေးနေပြီး တာလီဘန် တွေကို အာဖဂန် ပြည်သူ တွေက ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံ နေတယ်လို့ ဖော်ပြထား ပါတယ်။

ဘီဘီစီက တွေ့ရှိခဲ့တဲ့ ဒီပေါက်ကြား လာတဲ့ အစီရင်ခံစာဟာ တာလီ ဘန်တွေရဲ့ ဖွဲ့စည်းပုံနဲ့ သူတို့ရဲ့ ယုံကြည်ချက်ကို ချပြလိုက် သလို ဖြစ်တယ်လို့ အာဖဂန်နစ္စတန် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ပါကစ္စတန်ဟာ တာလီဘန် တွေကို တက်တက်ကြွကြွ ထောက်ခံနေသလို တာလီဘန် ခေါင်းဆောင်ပိုင်းက ဘယ်မှာနေတယ် ဆိုတာကို လည်း သိနေတယ်လို့ အစီရင်ခံစာ ကဆိုပါတယ်။

တချို့ဆိုရင် ISI ထောက်လှမ်းရေး ရုံးတွေ အနားမှာကို နေနေကြပြီး တာလီဘန် အဖွဲ့ထဲကို ဝင်ထားတဲ့ ပါကစ္စတန် အစိုးရ အဖွဲ့ဝင်တချို့ တောင်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအာဖဂန် သမ္မတ ဟာမစ်ခါဇိုင်း ဟာ အဂတိလိုက်စား တယ်လို့ အထင်ခံရ တဲ့အတွက် သူပုန် တွေရဲ့ လူထုကြားမှာ ကြည်ညိုမှု ရအောင် စည်းရုံး လှုပ်ရှား တာတွေ ဟာလည်း အောင်မြင်နေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ကတော့ ဒီအစီရင်ခံစာရဲ့ စွပ်စွဲချက် တွေဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန် ခဲ့ပါတယ်။