အီဂျစ်မှာ ရဲနဲ့ ဆန္ဒပြသူတွေ ထပ်မံ ရိုက်နှက်

  • 4 ဖေဖော်ဝါရီ 2012
egypt ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုင်ရိုမှာ ဒုတိယမြောက်နေ့ အဖြစ် ရိုက်ပွဲ ဆက်ဖြစ်

အီဂျစ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ဘောလုံးပွဲ တခုမှာ လူ ၇၄ ယောက် သေဆုံးခဲ့မှု အ တွက် ကိုင်ရို မြို့လယ်မှာ ဆန္ဒပြနေသူတွေနဲ့ အီဂျစ် လုံခြုံရေး တပ်တွေ ဒီကနေ့မှာလည်း ဒုတိယ မြောက်နေ့ အဖြစ် ထပ်ပြီး ရိုက်နှက် ခဲ့ကြပါတယ်။

တာဟီယာလွတ်မြောက်ရေး ရင်ပြင်မှာ မနေ့က တနေ့လုံး သူနာပြုကားတွေ ဝင်လိုက် ထွက် လိုက် နဲ့ အလုပ် များနေခဲ့ပါတယ်။

ဒဏ်ရာ ရသူတွေကို ဆေးရုံကို တနေ့လုံး တောက်လျှောက် ပို့နေရပြီး ပြည်ထဲရေး ဝန်ကြီးရုံး ကို စောင့်ကြပ်နေတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ရာမှာ ဒဏ်ရာ ရကုန်တာ ဖြစ်ပါတယ်။

အနားမှာ ရှိတဲ့ အခွန်ရုံးကို ဆန္ဒ ပြသူတွေက နောက်ပိုင်း မီးတင်ရှို့ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က လူ ရှစ်ဆယ် နီးပါး သေဆုံးမှုဟာ ပြည်ထဲရေး ဝန်ကြီးဌာန လက်ချက်လို့ ဆန္ဒ ပြနေသူတွေက ယုံကြည်ပြီး ဒီရုံးကို သဲကြီးမဲကြီး ဝိုင်းခဲ့ကြတာ ဖြစ်ပါတယ်။