ဇန်နဝါရီ ကန် အလုပ် လက်မဲ့ ဦးရေ ကျဆင်း

  • 3 ဖေဖော်ဝါရီ 2012
manufacturing ဓာတ်ပုံ မူပိုင် Reuters
Image caption ကုန်ပစ္စည်း ထုတ်လုပ်မှု သိသိသာသာ တက်လာခဲ့

အမေရိကန် နိုင်ငံမှာ ဇန်နဝါရီလ အလုပ် လက်မဲ့ဦးရေဟာ ရှစ် ဒဿမသုံး ရာခိုင်နှုန်း ထိ ကျသွားတဲ့ အတွက် စီးပွားရေး နလံထူ စေချင်တဲ့ မျှော်လင့်ချက်တွေ မြင့်မားလာ ခဲ့ပါတယ်။

ဇန်နဝါရီလ အလုပ်လက်မဲ့ ဦးရေဟာ သုံးနှစ် အတွင်း အနိမ့်ဆုံး ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ဦးရေ လျော့သွားတဲ့ အပြင် ပြီး ခဲ့တဲ့ လမှာ အလုပ် အကိုင်သစ် နှစ်သိန်းခွဲ နီးနီး ဖန်တီး ပေးနိုင်ခဲ့ပြီး မှန်းထားတဲ့ အရေအတွက်ထက် ပိုများတာကို မနေ့က ထွက်လာ တဲ့ ကိန်းဂဏန်းတွေက ပြနေပါတယ်။

ဒီကိန်းဂဏန်းတွေကြောင့် နယူးယောက် အစု ရှယ်ယာ စျေးကွက် အဓိက ညွှန်းကိန်းဖြစ်တဲ့ ဒေါင်းဂျုံးစ ညွှန်းကိန်းဟာ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ကာလ မတိုင်ခင်လေး တင်က ရှိခဲ့တဲ့ အမှတ်ထိ ပြန်တက် လာခဲ့ပါတယ်။

အလုပ်လက်မဲ့နဲ့ အလုပ်အကိုင် ဖန်တီးမှု အပိုင်းတွေမှာ တိုးတက်မှုတွေ ရှိနေပေမယ့် စီးပွား ရေး ကျဆင်းမှုကနေ နလံပြန်ထူတဲ့ နှုန်းဟာ နှိုင်းယှဉ်ချက် အရ အားနည်း နေတုန်းပဲလို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။