ဥရောပတလွှား ရာသီဥတု ပြင်းထန်ဆိုးရွား

  • 4 ဖေဖော်ဝါရီ 2012
ukraine ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်းမှ နှင်းကြားမှာ မီးလှုံနေသူများ

ဥရောပ တလွှားမှာတော့ ရေခဲမှတ်အောက် ရောက်နေတဲ့ အပူချိန်နဲ့ ဆီးနှင်းတွေကြောင့် လူပေါင်း ၂၀၀ ကျော်လောက်အသက်ဆုံးရှုံး ခဲ့ရပါတယ်။

ဥရောပတိုက်အရှေ့ဘက်ခြမ်းမှာ အဆိုးဝါးဆုံး ဖြစ်ပြီး ယူကရိန်းနဲ့ ချက်သမ္မတ နိုင်ငံတွေမှာ ဆိုရင် အပူချိန်ဟာ ရေခဲမှတ် ရဲ့အောက်ကို ၃၈ ဒီဂရီ အထိကို ဆင်းသွား ပါတယ်။

အအေးလွန်လို့ သေဆုံး ခဲ့ရသူတွေ အများစုဟာ ယူကရိန်း နိုင်ငံမှာ ဖြစ်ပြီး အဲဒါကြောင့် အာဏာပိုင် တွေက အိုးမဲ့အိမ်မဲ့ တွေအတွက် နားခိုစရာတွေ စီစဉ် ပေးခဲ့ ရပါတယ်။

ဘော့စနီးယား မှာလဲ နှင်းတွေ ထူထပ်စွာ ကျခဲ့ပြီး လူတွေ အိမ်တွေထဲမှာ ပိတ်မိနေကြတဲ့ အတွက် အာဏာပိုင် တွေက အရေးပေါ် အခြေအနေ ကြေငြာ ခဲ့ရပါတယ်။

ဗြိတိန် နိုင်ငံမှာတော့ လန်ဒန်က ဟီးသရိုး လေဆိပ်မှာ တနင်္ဂနွေနေ့က ဆီးနှင်းတွေထူထပ်စွာ ကျလာ နိုင်တဲ့ အတွက် လေကြောင်း ခရီးစဉ် တွေရဲ့ ၃ ပုံ ၁ ပုံ လောက်ကို ဖျက်သိမ်း ပစ်ခဲ့ရ ပါတယ်။

အီတလီ နိုင်ငံက ဗင်းနစ် မြို့မှာလဲ တူးမြောင်းတွေအတွင်း ရေတွေ ခဲနေသလို ရောမမြို့တော် မှာလဲ နှင်းတွေ အများအပြား ကျခဲ့ပြီး ဒါဟာ ၂၅ နှစ် ကျော် ကာလ အတွင်း မှာ အဆိုးဝါးဆုံး လဲ ဖြစ်သလို စစ်တပ်ရဲ့ အကူအညီနဲ့ လမ်းတွေ ပေါ်က နှင်းတွေကို ရှင်းထုတ် နေရပါတယ်။