ဟွမ်းစ်မြို့ကို ဆီးရီးယား အစိုးရဘက်ကပစ်ခတ် နေဆဲ

  • 5 ဖေဖော်ဝါရီ 2012
homs_masacre ဓာတ်ပုံ မူပိုင် AFP
Image caption ဟွမ်းစ်မြို့တွင်း က အပျက်အဆီးများ

ဆီးရီးယား နိုင်ငံမှာတော့ အစိုးရ စစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့ ဟွမ်းစ်မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က အခုအချိန်အထိ မြို့ရဲ့တချို့ အစိတ်အပိုင်းတွေမှာ အပစ်ခံ နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ တင့်ကားတွေနဲ့ လက်နက်ကြီး တွေကို မြို့ရဲ့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ နေရာ တွေကို ရွှေ့လာ နေကြတယ်လို့ သူပုန် တပ်တွေ ဆီက သတင်းရတယ်လို့လဲ ပြောခဲ့ပြီး တင့်ကားတွေနဲ့ မော်တာတွေကြောင့် ပျက်ဆီးသွားခဲ့ ရတဲ့ အဆောက်အအုံ ပျက်တွေရဲ့ အောက်ကနေ လူသေ အလောင်း တွေကို ဆွဲထုတ် နေရတဲ့ သတင်းတွေ ရကြောင်းလဲ ပြောပါတယ်။

အသေအပြောက် အနေနဲ့ကတော့ အစောပိုင်း ခန့်မှန်း ထားချက်တွေ အရ အနည်းဆုံး လူပေါင်း ၅၀ ကနေ ၂၀၀ ကျော်လောက်အထိ သေဆုံးခဲ့ရ ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရေအတွက် က အတည်ပြုလို့ တော့ မရနိုင်ဘူး လို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရ ဘက်ကတော့ ဒီ ဟွမ်းစ်မြို့ကို အပြင်းအထန် တိုက်ခိုက် နေတဲ့ သတင်းတွေဟာ လုပ်ကြံထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။