နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2012 - 23:34 GMT

ဆီးရီးယားမှာ ပြောင်းလဲရေး အမေရိကန် ကူမယ်

hillary_clinton

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်

အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်တစ် ဆီးရီးယား ရဲ့ မိတ်ဆွေတွေ အနေနဲ့ သမ္မတ အာဆတ်ဒ်ကိုဆန့်ကျင်ရေးမှာဝိုင်းဝန်းပါဝင် သွားကြဖို့ လိုတယ်လို့ ဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကတော့ ရုရှားနဲ့ တရုတ်တို့က ဆီးရီးယား နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို စနေနေ့က ဗီတို သုံးပြီး ပယ်ချလိုက်တဲ့ အတွက် ဘာမှ ဆက်ပြီး မလုပ်နိုင် ဖြစ်နေကြောင်း ဆိုလိုက်ပြီး ဒီလို ဗီတိုသုံးလိုက် တာဟာလည်း အင်မတန်ကို အန္တရာယ် များတဲ့ လုပ်ရပ် တခုဖြစ်တယ်လို့လဲ ပြောပါတယ်။ နောက်ပြီး ဆီးရီးယား အတိုက်အခံတွေကို အားပေး ထောက်ပံ့ သွားဖို့ကိုလဲ ဆော်ဩလိုက်ပါတယ်။

ဟီလာရီ ကလင်တန်က ကမ္ဘာတဝှမ်းက ဒီမိုကရက်တစ် ဆီးရီးယား ရဲ့ မိတ်ဆွေတွေနဲ့ လက်တွဲပြီး အတိုက်အခံတွေရဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေး ပြောင်းလဲဖို့ အစီအစဉ်တွေကို ကူညီသွားမဲ့ အကြောင်း၊ လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ဥရောပကမဟာမိတ် တွေနဲ့ အတူ အာရပ်အဖွဲ့ချုပ်အပြင် ကမ္ဘာ့နိုင်ငံ တွေနဲ့ပါ တိုင်ပင်သွားမဲ့ အကြောင်းနဲ့ ဒီသွေးထွက်သံယို မှုတွေ အဆုံးသတ်တာကို မြင်ချင်လို့ မဲပေးခဲ့ကြ သူတွေထဲမှာ ဥရောပ နိုင်ငံတွေ တင်မက အာရပ်တွေနဲ့ အတူ အာဖရိက၊ လက်တင်အမေရိကနဲ့ တောင်အာရှအထိ နိုင်ငံတကာက ပါဝင်ကြတဲ့ အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

သတင်းထောက်တွေ ကတော့ ဒီပုံ အတိုင်းသာ ဆိုရင် အာဆတ်ဒ်ကို ဆန့်ကျင် သူတွေ ဘက်က သွေးချောင်း စီးနေ တာတွေ ကိုရပ်ပစ် နိုင်ရေး အတွက် ကုလသမဂ္ဂ ရဲ့ ပြင်ပ ကနေလုပ်သွား နိုင်ကြောင်း သုံးသတ်နေကြ ပါတယ်။

ဖြစ်နိုင်ခြေ ရှိတာကတော့ အရင်လစ်ဗျားမှာ ဗိုလ်မှူးကြီး ကဒါဖီ ကိုဖြုတ်ချ နိုင်ခဲ့ကြတဲ့ အထိ လုပ်နိုင်ခဲ့ကြတဲ့ ကွန်တက်အဖွဲ့ ပုံစံမျိုး လုပ်သွား နိုင်တယ်လို့ လဲ ခန့်မှန်း နေကြပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။